Monday, December 12, 2016

ကော့သောင်းမြို့နယ်အတွင်း ပထမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုပြီးနောက် ရက်စက်စွာ သတ်ဖြတ်မှု တရားခံများအား ဖမ်းမိ


ကော့သောင်းမြို့နယ်အတွင်း ပထမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုပြီးနောက် ရက်စက်စွာ သတ်ဖြတ်မှု တရားခံများအား ဖမ်းမိ
==========================
အသက် ၉နှစ်အရွယ် ပထမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုပြီးနောက် ရက်စက်စွာ သတ်ဖြတ်မှု တရားခံ(၄) ဦးအား နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖေါ်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း ကော့သောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ကော့သောင်းမြို့၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာမှာ အသက် ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးဖြစ်သူ မမြတ်သူဝင်း ဟာ အဓမ္မပြုကျင့်ခံရပြီးနောက်
ရင်ဝ ၊ ပါးစပ် ၊ လည်ဂုတ်၊ ၀ဲဘက် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ၀ဲနားရွက် အောက်ပြတ်ရှ ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ကလေးမလေးဟာ ချွန်ထက်တဲ့ လက်နက်နဲ့ ပါးစပ်ကနေပြီးတော့ ထိုးသွင်းခံရပြီး လည်ဂုတ်အထိ ပေါက်ထွက်နေတာ တွေရပါတယ်။ နောက်ပြီး ရင်ဝ လည်ပင်းတွေမှာလဲ ထိုးသွင်း ဒဏ်ရာ အချက်ပေါင်း များစွာ တွေ့ရပါတယ်ဟု နာရေးကူညီသူ တစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ ဖခင်ဖြစ်သူ ဦးအောင်ထွန်း (ခ) နောင်ဘိတ် သည် အဆိုပါနေ့ ည (၈)နာရီခန့် က ရွာထဲ မှ ဗီဒီယိုကြည့်ပြီး အပြန် သမီးဖြစ်သူ အသက် ကိုးနှစ်အရွယ် ၊ ပထမတန်းကျောင်းသူ မမြတ်သူဝင်း မှာ အိမ်တွင် မတွေ့ရသဖြင့် ဇနီးဖြစ်သူအား ရွာအတွင်း ရှာဖွေခိုင်းရာ ရွာအတွင်းတွင် မတွေ့ရသဖြင့် ရွာသားများ အကူအညီ ရယူကာ လိုက်လံရှာဖွေကြရာ ရွာစွန် ဒေါ်-----၏ နေအိမ်အနောက်ဘက် ပေ၁၀၀ခန့် အကွာ ၀ါးရုံတောများအနီး ပိန္နဲပင်အောက်တွင် ဆိုးရွားစွာ အဓမ္မပြုကျင့်ပြီး သေဆုံး နေကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားမှုနှင့် ဆက်စပ်တရားခံများ အား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ စုံစမ်း ဖေါ်ထုတ်ချက် အရ တရွာတည်းနေ အိမ်နီးချင်းများ ဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ ဦးဘီအီး (၃)ဦး မှ အုပ်စုလိုက် လူမဆန်စွာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး တစ်ရွာတည်းနေ မ၀င်းဝင်းထွေး ဆိုသူ အမျိုးသမီး တစ်ဦး အကူအညီဖြင့် ပူးပေါင်း ကြံစည်သတ်ဖြတ် ခဲ့ကြောင်း ဖြစ်စဉ် နှင့်စပ်လျဉ်း၍ တရားခံ များဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ မ၀င်းဝင်းထွေး၊ ဦးဘီအီး တို့ အား ကော့သောင်း ရဲတပ်ဖွဲ့စခန်းမှ မမစ(ကသမ) (ပ) ၁၄၉၁/၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါတယ်။
တနင်္သာရီတိုင်းမ်း သတင်းမီဒီယာ

https://www.facebook.com/groups/1710778119136511/

ရန်ကုန်ဆေးရုံကြီးတွင် မိန်းကလေးလူနာတစ်ဦး မဖွယ်မရာပြုလုပ်ခံရ




http://thevoicemyanmar.com/news/3794-ygh

သက်ငယ်မုဒိန်းမှုအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆို - တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ


Wai Wai HlaingFollow
သက်ငယ်မုဒိန်းမှုအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆို
************************************
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိထိမိမိ ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောတာဖြစ်ပါတယ်။
"ကျနော့်ရဲ့ မြို့နယ်ရုံးလေးဟာ အခန်းကျဉ်းလေးပါပဲ တောင်ဒဂုံမှာ၊ အခန်းကျဉ်းတယ် ဆိုပေမယ့်လည်း လာရောက်အကူအညီတောင်းတဲ့လူထုကတော့ အပြည့်ပါပဲ၊ အဲအထဲမှာမှ ကျနော့်ဆီကို ဖုန်းဝင်လာတယ်၊ သက်ငယ်မုဒိန်းတစ်ခု အကူအညီတောင်းချင်လို့ပါဆိုပြီးတော့၊ ကျနော်က လာခဲ့ပါပေါ့နော်၊ ဟိုးယခင်တုန်းကလည်း ဒါမျိုးတွေကို ကျနော် ကူညီပေးခဲ့ဖူးတာတွေရှိတယ်၊ ဒါပေမဲ့လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့ကိစ္စတွေနဲ့ပဲ မထင်မရှားပဲ ပျောက်ကွယ်သွားခဲ့ရတယ်၊ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ အမေစု ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တစ်ရပ်အနေနဲ့တက်လာပြီ၊ ဒါတွေကို ကျနော်တို့ ထိထိမိမိဆောင်ရွက်ဖို့လိုလာပြီ"
အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေအပေါ် အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အခါ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အရေးတယူဆောင်ရွက်ပေးတာ မရှိကြောင်းလည်း ဦးညီညီက ပြောပါတယ်။
ဒါ့အပြင် အဲဒီလိုအမှုမျိုးတွေနဲ့ပတ်သက်ပြီး ဥပဒေတစ်ရပ်ထုတ်ပြန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ကြိုးစားနေကြောင်းနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေကလည်း သက်ဆိုင်ရာ မြို့နယ်တွေမှာ ပညာပေးလက်ကမ်းစာစောင်တွေ ဝေပေးနေတယ်လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းမှု လူထုလှုပ်ရှားမှုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Photo: Aung Thain Kha/RFA
(ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကို တွေ့ရစဉ်)
RFA

https://www.facebook.com/groups/1710778119136511/

သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့် ခဲ့သူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်


Posted by  on  in မှုခင်း, သတင်း
သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့် ခဲ့တဲ့သူကို မြောင်းမြခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
DVB TV – 30.11.2016

video
http://tv.dvb.no/videos/%E1%80%A1%E1%80%93%E1%80%99%E1%81%BC%E1%80%BB%E1%80%95%E1%80%B3%E1%80%80%E1%80%BA%E1%80%84%E1%80%B7%E1%80%B9-%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%B0%E1%80%80%E1%80%AD%E1%80%AF

ရန်ကုန်တိုင်းတွင် ၁၁ လအတွင်း မုဒိမ်းမှု ၂၀၀ ကျော် ဖြစ်ပွားပြီး ယခင်နှစ်ကထက် နှစ်ဆပိုများ 4-12-2016

ရန်ကုန်တိုင်းတွင် ၁၁ လအတွင်း မုဒိမ်းမှု ၂၀၀ ကျော် ဖြစ်ပွားပြီး ယခင်နှစ်ကထက် နှစ်ဆပိုများ

 ရန်ကုန်တိုင်းတွင် ယခု နှစ် ၁၁ လအတွင်း လူသတ်မှု ၁၆၃ မှုဖြစ်ပွားပြီး ယခင်နှစ်ထက် မုဒိမ်းမှု နှစ်ဆကျော်ဖြစ်ပွားကာ တရားခံမမိသေးသည့် လူသတ်မှု များ  ကျန်ရှိနေသေးကြောင်း သ တင်းရရှိသည်။
မုဒိမ်းမှုများ ဖြစ်ပွားမှုတွင် ၂၀၁၅ အတွင်း ၁၀၁ မှု၊ ၂၀၁၆ ၁၁ လအတွင်း ၂၁၂ မှုဖြစ်ပွားခဲ့ကာ ယခင်နှစ်ကထက် နှစ်ဆ ပိုမိုများပြားခဲ့၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိမှုများကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘ပြစ်မှုတွေ များလာတာကို ကြည့်ရင် တိုင်းပြည်စီးပွားရေးနဲ့ လည်းဆိုင်တယ်။ စီးပွားရေးအ ဆင်မပြေလာရင် လုမယ်၊ ခိုးမယ် ဒါတွေများလာမယ်။ အခုနောက် ပိုင်းဆို နေ့လယ်နေခင်းတောင် အိမ်ပေါ် တက်လုတယ်။ မြို့လယ် ကောင်မှာလည်းလုတာပဲ။ ဒါတွေ ကို သက်ဆိုင်ရာကသူတွေ သေ ချာအဖြေထုတ်ပြီး ရှင်းလင်းရမယ့် အချိန်တန်ပြီ’’ဟု ပြည်တွင်းခရီး သွား လုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ထွန်းကပြောသည်။
တရားခံမမိသေးသည့် လူ သတ်မှုများတွင် မင်္ဂလာဒုံမြို့နယ် အတွင်း အငှားယာဉ်မောင်းတစ် ဦး အသတ်ခံရမှုနှင့် ရဲဝန်ထမ်း ဟောင်း မိသားစုလေးဦး အသတ် ခံရမှုသည် မြို့နယ်တစ်ခုတည်း၌ တရားခံမပေါ်သေးသည့် အမှုများ ဖြစ်သည်။
‘‘အမှုကြီးတချို့အတွက် နေ့ တိုင်းရရှိတဲ့သတင်းတွေကို တင်ပြရတာတွေရှိတယ်။ မပေါ်တဲ့ အမှုစာရင်းကို ကြည့်မယ်ဆိုရင် ၂၀၁၅ ထက်များပါတယ်။ မနှစ် က မဖော်နိုင်တာတစ်မှုတည်း ရှိ ပေမယ့် ဒီနှစ်တော့များတယ်။ တ ချို့အမှုတွေကို စီအိုင်ဒီက လိုက် နေပြီး တချို့ကိုလည်း သက်ဆိုင် ရာ ရဲစခန်းတွေက စုံစမ်းနေပါ တယ်’’ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက ပြောကြား သည်။
လူသတ်မှုဖြစ်ပွားပြီး တရား ခံမမိသေးသည့် အမှုများမှာ ဒေါပုံ မြို့နယ် မြောင်းစပ်တွင် ဦးခေါင်း ဖြတ်အသတ်ခံရသည့် မိန်းကလေးငယ်အမှု၊ သုံးခွမြို့နယ် ချောင်းဘေး၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု၊ မှော်ဘီမြောင်းတကာ စက်မှုဇုန်နေအိမ်တွင် အမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့်အမှု၊ အဖျောက်မြို့ရှိ လူမနေသည့် ခြံအတွင်း အမျိုးသမီးတစ်ဦး ရေအိုင်စပ်တွင် မှောက်လျက်သေဆုံးနေသည့် အမှုနှင့် ဗဟန်းမြို့နယ် နေအိမ်တိုက်ခန်းအတွင်း ကြိုးတုပ်အသတ်ခံရသည့် အမျိုးသားအမှုတို့မှာ တရားခံမမိသေးကြောင်း သိရ သည်။

http://www.7daydaily.com/story/82535

သာကေတတွင် (၁၁)နှစ်အရွယ် မိန်းကလေးကို အသက်(၆၀)ကျော် အမျိုးသားက အိမ်ပေါ်တက် အဓမ္မပြုကျင့်မှုဖြစ်


သာကေတတွင် (၁၁)နှစ်အရွယ် မိန်းကလေးကို အသက်(၆၀)ကျော် အမျိုးသားက အိမ်ပေါ်တက် အဓမ္မပြုကျင့်မှုဖြစ်

 သာကေတမြို့နယ် (၃) မာန်ပြေရပ်ကွက် မာန်ပြေ ၁၉ လမ်း (အနောက်)နေ အသက် (၁၁)နှစ်ကျော်အရွယ် ဆဋ္ဌမတန်း ကျောင်းသူကို အသက် (၆၈)နှစ် အရွယ် အမျိုးသားက နေအိမ်ပေါ် တက်၍ ဓားထောက်ပြီး အဓမ္မပြု ကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
အဓမ္မပြုကျင့်ခဲ့သူ အသက် (၆၈)နှစ်အရွယ် ဦးတင်လှသည် နိုဝင်ဘာ ၂၇ ရက် နေ့လယ်က ကျောင်းသူမိန်းကလေး၏ မိဘ များမရှိခိုက် နေအိမ်ပေါ်သို့ တက် လာပြီး ဓားထောက်ကာ အဓမ္မပြု ကျင့်ခဲ့ကြောင်း သာကေတရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

‘‘ကလေးနေတဲ့ အိမ်နဲ့ မုဒိမ်း မှုကျူးလွန်တဲ့သူနေတဲ့ အိမ်က သိပ်မဝေးဘူး။ ကလေးမိဘတွေ အပြင်သွားနေတုန်း အိမ်ပေါ် တက်လာပြီး ဓားထောက်တယ်။ အော်ရင် သတ်ပစ်မယ် ခြိမ်း ခြောက်ပြီး အဓမ္မကျူးလွန်တာလို့  ကနဦးစစ်ဆေးချက်အရ သိရပါ တယ်’’ဟု ၎င်းရဲအရာရှိက ပြော သည်။
 အဓမ္မပြုကျင့်သူသည် ကျောင်းသူကို ဓားထောက်ပြီး ‘‘နင် အော်ရင် နင့်မိဘတွေကို လည်း သတ်မယ်။ နင့်ကိုလည်း သတ်မယ်’’ဟု ပြောဆိုကာ ပါးစပ် အတွင်းသို့ ဆေးပြားအ၀ါရောင် တစ်ပြား တိုက်ခဲ့ပြီး ကလေးငယ်မှာ သတိမေ့သွားခဲ့ကာ သတိပြန်ရချိန်တွင် ကိုယ်ပေါ်၌ အ၀တ်အစားမရှိတော့ဟု ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ကလေးကို စဖြစ်ဖြစ်ချင်း နေ့ကတော့ ဘယ်သူမှမသိသေး ဘူး။ ၂၉ ရက်နေ့ရောက်တော့ အ မေက ကျောင်းလိုက်ပို့တယ်။ ကျောင်းပို့ပြီး အမျိုးတွေအိမ်သွား မလို့လုပ်တုန်း ကလေးကို ကား မှတ်တိုင်မှာ သွားပြန်တွေ့တယ်။ ကလေးကို အိမ်ခေါ်ပြီး ချော့မေးမှ အဖြစ်မှန်ပေါ်လာတာပါ’’ဟု ၎င်း ရဲအရာရှိကပြောသည်။
နေအိမ်ပေါ်တက်ကာ ဓား ထောက်ခြိမ်းခြောက်၍ မုဒိမ်းမှု ကျူးလွန်သူကို သာကေတမြို့မရဲ စခန်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ  ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/82472

သတ္တမတန်း ကျောင်းသူတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်

သတ္တမတန်း ကျောင်းသူတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်

သတ္တမတန်းကျောင်းသူတစ်ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူ ကျောင်းထိုင်ဆရာတော်အား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်ကို ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီခန့်က ပြည်ခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး ဦးမြတ်စံက ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့ န၀ဒေး ရပ်ကွက် ခမ်းရတနာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝါယမ (ခ) ခွန်မောင်လင်း (၄၅ နှစ်) က ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်များတွင် ယင်းဘုန်းကြီးကျောင်းတွင် ပညာသင်ကြားနေသည့် ၁၂ နှစ်အရွယ် သတ္တမတန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုဖြင့် အမှုဖွင့်တိုင်ကြားခံခဲ့ရပြီး နှစ်နှစ်ခန့် ကြားနာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရ၍ ယင်းသို့အမိန်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သက်ငယ်မုဒိမ်းတွေက ဒီနှစ် ခြောက်လပိုင်းကစပြီး အရမ်းကိုများနေတာ။ နောက်ပြီး သူက သင်္ကန်းအရေခြုံပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဖြစ်တယ်။ ကိုယ့်ကို ယုံကြည် ကိုးစားတဲ့ ကလေးကို ကိုယ်က မိဘလို တစ်မျိုး၊ ဆရာလိုတစ်မျိုး၊ နောက်ဘုန်းကြီးပေါ့။ ကိုယ့်ရဲ့ ဘာသာသာသနာကို အပြည့်အ၀ စောင့်ရှောက်ရမယ့်သူက နေပြီးတော့ ကိုယ်ကျင့်တရားကို ပျက်ပြားစေတယ်။ ကိုးကွယ်တဲ့ ဘာသာတရား သာသနာကိုလည်း ညှိုးနွမ်းစေတယ်။ စော်ကားဖို့ တမင်တကာ ပြုလုပ်တာလို့ မှတ်ယူတယ်။ တရားရုံးကလည်း မှတ်ယူတယ်။ အဲဒါကြောင့် ဒီလို ထောင်ဒဏ် နှစ် ၂၀ ချမှတ်တဲ့ အပေါ်မှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်လို့ ကျေလည်း ကျေနပ်တယ်။ တရားမျှတ တယ်လို့လည်း ထင်တယ်” ဟု တရားလို၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောကြားသည်။

အဆိုပါအမှုအား ယင်းကျောင်းတွင် ဆရာမအဖြစ် လုပ်ကိုင်နေသူ ဒေါ်မော်မော်ဝင်းက တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်နှစ် ၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်နှစ်နှစ်ကို တပေါင်းတည်း ချခံစေခဲခြင်းဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်ကလည်း အသက်မပြည့်သေးသူ မိန်းကလေးနှစ်ဦးအား ပြည့်တန်ဆာအဖြစ် အကြိမ်ကြိမ်ရောင်းစားခဲ့သူ ခြောက်ဦးကိုလည်း ပြည်ခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။   
                         
Writer: 
ဝေလင်း (ပြည်)

http://news-eleven.com/crime/29013