Showing posts with label လူ့အခွင့်အရေး. Show all posts
Showing posts with label လူ့အခွင့်အရေး. Show all posts

Saturday, April 15, 2017

သင်္ကြန်နှစ်သစ် ၂၀၁၇ အထိမ်းအမှတ် လိမ္မာတဲ့ ထောင်သား ၁၆၅၀+၂၃၃ (ကျား+မ) လွှတ်ပေး။ - အကျဉ်းထောင်အကြောင်း (ဆွေဝင်း MyanmarNow)

အမေရိကန်ထောင် ကမ္ဘာအများ အကျဉ်းသားဆုံးစံချိန်တင်။
.
အမေရိကန်ထောင် ..ဓါတ်ပုံအရ၊ ပြွတ်ကြပ်နေတဲ့ ကာလီဖိုးနီးယားထောင်တစ်ခုမှာ တော်တော်လွတ်လပ်စွာ အိပ်စဉ်တွေ၊ စားသောက်စားပွဲ၊ ကုလားထိုင်တွေနဲ့ တွေ့ရပါတယ်။ ထောင်မလောက်ငှလို့ အခုဓါတ်ပုံထဲကလို အားကစားရုံ အဟောင်းတွေကို ထောင်အဖြစ် ပြောင်းလဲထားကြပါတယ်။
၂၀၁၄ စာရင်းအရ အကျဉ်းသား ၂သန်း၎သိန်းလောက် ကြောက်ခမန်းလိလိ ရှိနေတဲ့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးရဲ့ အခြေအနေပါ။ ၄၀% ထောင်သားတွေကတော့ လူမည်းတွေပဲ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကုန်ကျစရိတ်ကတော့
ထောင်သားတစ်ဦး တနေ့စားစရိတ် ဒေါ်လာ၆၀ (တနေ့ကျပ် ၇သောင်း)
ထောင်ဝန်ထမ်းနဲ့ထိန်းသိမ်းစရိတ် ထောင်သားတဦးကို ၅၇ ဒေါ်လာ ကျသင့်ပါတယ်။ မြန်မာပြည်နေထိုင်သူတစ်ဦးအမြင်တော့ အမေရိကန်မှာ ထောင်ကျတာ တယ်နိတ်ပါလား ပြောစရာဖြစ်နေပါတယ်။ ထောင်သားစားစရိတ် တနေ့ ကျပ်၇သောင်း ဆို၊ တစ်လကို ၂၁သိန်းဖိုး (US$ 1800 per month) ကြွေးမွေးနေရတယ်။ အလား..လား..။
ဘယ်လိုဖြစ်ပါစေ . အမေရိကန်.ထောင်သားတယောက် ကောင်းကောင်းစားသောက် နေထိုင်ရတာတော့ သေချာပါတယ်။ ထောင်ပြောင်းရွှေ့ရရင် ထောင်ကားကြီးပေါ်မှာ တခါတလေ ၁၀နာရီကျော် တအိအိနဲ့ ဘယ်ရောက်လို့ရောက်မှန်းမသိ ..စိတ်အလွန်ပျက်စရာကောင်းတယ် လို့ထောင်ကျဖူးတဲ့ မြန်မာတစ်ဦး ပြောပြဖူးပါတယ်။
.
.
ထောင်တွင်းလွတ်လပ်ခွင့်
လာဘ်ပေးယူ အများဆုံးနိုင်ငံများမှာ အကျဉ်းကျသူက ငွေကြေးတပ်နိုင်ရင် အထဲမှ ဇိမ်ကျ၊ ကောင်းကောင်းစားသောက် နေထိုင်ရပါတယ်။ အကျဉ်းထောင်စာအုပ်များအရ ထောင်တွင်း ထောင်သားအချင်းချင်း အုပ်ချုပ်ခိုင်းပြီး အလုပ်ကြမ်းလုပ်တဲ့ ထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးသွားသူ အလွန်များတဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ခေတ် ဖြစ်ပါတယ်။ အင်အယ်ဒီ ဦးဝင်းတင် ရေးတဲ့ "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်ကတော့ တော်တော်ပြည့်စုံလှပါတယ်။
အခုတော့ မြန်မာထောင်အခြေအနေ ပြောင်းလဲသွားပြီလို့ မှတ်ယူပါတယ်။
.
.
ကမ္ဘာ့ ထောင်သားဦးရေ
အမေရိကန်က လူတစ်သောင်း ရှိတိုင်း ထောင်ကျနေတဲ့လူ ၆၀၀ ကျော် ရှိနေပါတယ်။ ကမ္ဘာပေါ် ရာဇဝတ်မှု အများဆုံးနိုင်ငံ ဖြစ်လို့ ...ရောင်စုံကမ္ဘာ့ ထောင်သားသိပ်သည်းမှု မြေပုံကို ကြည့်ရင် နီရဲနေတဲ့ အမေရိကန်နိုင်ငံကို တွေ့ရပါမယ်။
အမေရိကန် - ၆၉၈ (အနီရောင် - ထောင်ကျအများဆုံး)
ထိုင်း၊ရုရှားနဲ့ဘရားဇီး - ၄၀၀ကျော် (အညိုရောင်)
မြန်မာတရုပ်နဲ့ဥရောပနိုင်ငံများ - ၁၅၀
ဂျပန်၊ အိန္နိယ၊ အနောက်အာဖရိက - ၅၀ (အပြာရောင်- အနည်းဆုံး) ဖြစ်ပါတယ်။
စကားမစပ် ထိုင်းနိုင်ငံအကျဉ်းထောင်ထဲ မြန်မာအပါဝင် နိုင်ငံခြားသားတွေ များစွာရောက်နေပါတယ်။ ထိုင်းနိုင်ငံလည်း အညိုရောင်အဆင့် (၄၅၇ဦး) ရှိနေပါတယ်။ စင်ကာပူက ၂၂၀ဦး နဲ့ အဝါရောင်အဆင့်မှာရှိပါတယ်။
မြန်မာနိုင်ငံ ကတော့
လူတစ်သောင်းမှာ ၁၁၂ဦး နဲ့ အစိမ်းရောင် အကျဉ်းသားနည်းတဲ့အဆင့်မှာ ရှိနေပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံအနှံ အကျဉ်းထောင်ပေါင်း ၅၀ကျော်မှာ အကျဉ်းကျနေသူပေါင်း ၅သိန်းကျော် (1% of population) ရှိနေပါတယ်။
ဘယ်သူမှ ထောင်မကျချင်ပါဘူး။ ဒါပေမဲ့ ထောင်ကျသွားလည်း စိတ်ဓါတ်ပိုပြီး ခိုင်မာလာကြပါတယ်။ လက်ရှိ မြန်မာ့ခေါင်းဆောင် အင်အယ်ဒီပါတီဝင်များ စံပြနမူနာများ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှစ်ရှည် ထောင်ကျခံများ မြန်မာပြည် အစိုးရခေါင်းဆောင်များအဖြစ် အုပ်ချုပ်ကြမှာကို ကြိုဆိုရပါမယ်။




သင်္ကြန်နှစ်သစ် အထိမ်းအမှတ်
လိမ္မာတဲ့ ထောင်သား ၁၆၅၀+၂၃၃ (ကျား+မ)  လွှတ်ပေး။ သတင်း.နဲ့ ထောင်အကြောင်း ကိုဆွေဝင်းရဲ့ ၂၀၁၆ ဆောင်းပါး။
***********
လူသိပ်သတိမထားမိတဲ့ ကိုဆွေဝင်းရဲ့အားထုတ်မှုတစ်ခု....
ဒီသတင်းဆောင်းပါးအတွက်
ကိုယ်ပိုင်ငွေကြေးများစွာ
စိုက်ထုတ် သတင်းလိုက်ခဲ့တယ်လို့
သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေက ဆိုပါတယ်.......
------------------------------------------------------------------
titled Album by Myanmar Now
ငရဲဘုံနှင့် တူနေဆဲဖြစ်သော အကျဉ်းစခန်းများ
===================
ဆွေဝင်း/Myanmar Now
(Myanmar Now) — “တစ်၊ နှစ်၊ သုံး၊ လေး” ဟု အကျဉ်းသားတစ်ဦးက နေပူပူ တောင်ခြေစိုက်ခင်းတွင် စတင် အော်ဟစ် ရေတွက်လိုက်သည်။ ရေတွက်သံ ထွက်လာသည်နှင့် သူ့ရှေ့မှ အကျဉ်းသား ၁ဝဝ ခန့်က ပေါက်တူးကိုင်ပြီး အဆက်မပြတ် မြက်ရှင်းကြလေသည်။
အမှတ်စဉ် ရေတွက်သူက ကိုင်ထားသည့် ဝါးတံပိုးဖြင့် အကျဉ်းသားတချို့ကို လှမ်းရိုက်လိုက်သည်။ ထိုသူမှာ ထောင်ဝန်ထမ်းများကို ကူညီရသော အုပ်ချုပ်မှုအကူ ခေါ် တုတ်ကိုင်ဖြစ်သည်။ သေနတ်လွယ်ထားသော ကာကီရောင် ယူနီဖောင်းဝတ် ဝန်ထမ်းတစ်ဦး ရပ်ကြည့်နေပြီး ရံဖန်ရံခါ သူကိုယ်တိုင် ဝင်ရိုက်သည်။
တုတ်ကိုင် ၄ ဦးခန့်ရှိပြီး အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၄ ဦးလည်း ရှိနေသည်။ အကျဉ်းသားအားလုံး ညစ်နွမ်းသော အပြာရောင်ရှပ်အင်္ကျီလက်တို၊ ပုဆိုးတို့ကို ဝတ်ဆင်ထားကြပြီး တချို့က သံခြေကျင်း ခတ်ခံထားရသည်။
ထိုနေရာသည် ရှမ်းပြည်နယ် နောင်ချိုမြို့အပြင်ဘက်တွင်ဖြစ်သည်။ ညနေဘက် လုပ်ငန်းသိမ်းချိန်တွင် အကျဉ်းသားများ တန်းစီပြီး ကောင်းမှုအကျဉ်းစခန်းသို့ လမ်းလျှောက်ပြန်သွားကြသည်။
“အုပ်ချုပ်တဲ့ အကျဉ်းသားတွေက သဘောမကျရင် မကျသလို ဝင်ရိုက်တယ်။ ရှေ့ကသွား၊ နောက်ကရိုက်။ ကြံပင်တွေကြား ပေါင်းရှင်းတဲ့အခါ မှို့ပင်လေး တစ်ပင်ကျန်တာနဲ့ ဝင်ရိုက်တယ်၊ ဝန်ထမ်းတွေလည်း ဝင်ရိုက်တယ်။ ထောင်မှူးတွေက ရိုက်ခိုင်းလို့ ဝင်ရိုက်တာလည်း ရှိတယ်” ဟု ကောင်းမှုစခန်းမှ ဇွန် ၃ ရက် နေ့က ပြန်လွတ်လာသူ ကိုဇေယျာလင်းက ဆိုသည်။
စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်းများစွာ ရှိခဲ့ရာမှ ၂ဝ၁၁ မှ စတင်သော နိုင်ငံရေး အပြောင်းအလဲများကြောင့် တိုင်းပြည်၏ ကဏ္ဍအများအပြားတွင် အပြုသဘော ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာသည်။ သို့သော်လည်း အကျဉ်းစခန်းအများအပြားတွင်မူ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ ဆက်လက်မင်းမူနေသည်။
ပြစ်မှုကျွေးချွေးဖြင့်ဆပ်
------------------------
ထောင်၊ ရဲဘက်စခန်းတို့တွင် လူအခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်ဟု နိုင်ငံတကာက စွပ်စွဲဝေဖန်နေချိန်တွင် ယခင်စစ်ဗိုလ်ချုပ်ကြီးများက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကို ၁၉၉၉ မေလမှစ၍ သွားရောက်စစ်ဆေးခွင့်ပြုလိုက်သည်။
လအနည်းငယ်ကြာစစ်ဆေးပြီးနောက် ကမ္ဘာကစွပ်စွဲထားသော အချက်များ မှန်ကန်ကြောင်း တိတ်တဆိတ် ထုတ်ဖော်ပြောကြားခဲ့သူမှာ ICRC အဖွဲ့အား ထိုစဉ်က ဦးဆောင်သူ Mr့ De Riedmatten Leon ဖြစ်သည်။
၎င်းက ထောင်များတွင် ရိုက်နှက်၊ ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ အစားအသောက် ကျွေးမွေးမှု လွန်စွာ အဆင့်နိမ့်ကျကြောင်း၊ ငွေကြေးတတ်နိုင်သူတို့ ကောင်းမွန်စွာနေထိုင်ရပြီး၊ ဆင်းရဲသူတို့မှာ ရဲဘက်စခန်းများသို့ ပို့ခံရပုံကို ထိုစဉ်က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ ဦးကျော်ထွန်းနှင့် ၁၉၉၉ နိုဝင်ဘာတွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ထိုဌာန၏ မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ထိုအချိန်မှစ၍ ထောင်တွင်း အစားအသောက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သော်လည်း ငွေပေးနိုင်မှုအပေါ် အခြေခံ၍ အကျဉ်းသားတို့ကို ခွဲခြားဆက်ဆံမှု၊ အဆင်းရဲဆုံးသော အကျဉ်းသားတို့ကို ကျောက်ထုတ်စခန်းများ၊ ဝေးလံသော အကျဉ်းစခန်းများသို့ ပို့ဆောင်မှုတို့က ဆက်လက် တည်ရှိသည်။
ရဲဘက်စခန်းသို့မပြောင်းရွှေ့ရဘဲ ထောင်ထဲတွင်သာ နေလိုသူ၊ မြို့နှင့်နီးသော စခန်းသို့ သွားလိုသူ၊ ပင်ပန်းသည့်ကျောက်ထုတ်စခန်းကို ရှောင်ရှားလိုသူတို့ ထုတ်သုံးကြရသည့် ငွေပမာဏ မတူညီကြောင်း အကျဉ်းဦးစီးဌာနတွင် လုပ်သက် ၂၅ နှစ် ရှိခဲ့ပြီး၊ ယခုဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသော ဦးခင်မောင်မြင့်က ဆိုသည်။
“ရဲဘက်ထွက်ရပြီဟေ့ဆိုလည်း ခြေကျင်းခတ်ခံရတော့မယ်။ အဲ့ဒီမှာ ခြေကျင်းအမျိုးမျိုးထဲက ပေါ့ပါးပြီး လှုပ်ရှားလို့ကောင်းတဲ့ ခြေကျင်းခတ်ခံချင်လား၊ လေးပြီး လှုပ်ရှားလို့မလွယ်တဲ့ ခြေကျင်း မခတ်ခံချင်ဘူးလား၊ ဒါဆိုရင်ငွေဘယ်လောက် ဆိုတာ စသည်ဖြင့် ရှိတယ်” ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။
Myanmar Now က လနှင့်ချီ၍ ပြုလုပ်ခဲ့သောစုံစမ်းဖော်ထုတ်မှုတွင် အကျဉ်းသား၊ အကျဉ်းသားဟောင်း၊ အကျဉ်းဦးစီးအာဏာပိုင်တို့နှင့် တွေ့ဆုံမေးမြန်းမှု အများအပြား ပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ထုတ်ပြန်ခဲ့သော အကျဉ်းဦးစီးဌာန၏ ထောင်နှင့်ချီသော မှတ်တမ်းများ၊ အစိုးရ၏ အမိန့်ညွှန်ကြားချက်များကိုလည်း လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။
ခေတ်အဆက်ဆက် အာဏာပိုင်တို့က အလုပ်စခန်းများတွင် အကျဉ်းသားလုပ်အားကို မှားယွင်းသော နည်းလမ်းမျိုးစုံဖြင့် သုံးစွဲမှု၊ အကျဉ်းသားများအား ငွေထုတ်စက်များကဲ့သို့ သဘောထားပြီး ဌာနအတွက် တရားဝင် ရံပုံငွေရှာဖွေမှု၊ ခြစားမှုမြောက်သော တရားမဝင် ငွေကြေးရှာဖွေမှု စသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း တွေ့ရှိရသည်။
စစ်အစိုးရများနှင့် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူ့အခွင့်အရေးအဖွဲ့များက သာမန်အကျဉ်းသားတို့၏ အခြေအနေထက် နိုင်ငံရေးအကျဉ်းသားအရေးကိုသာ အာရုံစိုက်ခဲ့သည်။
ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တို့တွင် အကျဉ်းထောင်စနစ်သည် အများအားဖြင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးအတွက်သာ ဖြစ်ခဲ့သော်လည်း ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အုပ်ချုပ်သူတို့က “ပြစ်မှုကြွေးချွေးဖြင့်ဆပ်” ဟူသော ဆောင်ပုဒ်ကို တီထွင်ကာ အကျဉ်းသားလုပ်အားကို စတင် သုံးစွဲခဲ့သည်။
မှတ်တမ်းတစ်ခုအရ ၁၉၉၃ ခုနှစ် အစည်းအဝေးတစ်ခုတွင် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဘုန်းမြင့်က အကျဉ်းသားရဲဘက်များ၏ “အလဟဿ လေလွင့်ပြုန်းတီးနေသော” လုပ်အားကို နိုင်ငံတော် စီမံကိန်းများတွင် သုံးစွဲပြီး ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ရည်မှန်းချက်များတွင် လယ်ယာမြေသစ် ဖော်ထုတ်ရန်၊ နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲရန်၊ နိုင်ငံတော်က အခမဲ့ ကျွေးမွေးထားရသည့် ထိုအကျဉ်းသားများကို ခိုင်းစေပြီး ဝင်ငွေပြန်ရရှိရေး လုပ်ဆောင်ရန်တို့ ပါဝင်သည်။
၁၉၉၃ ဖေဖော်ဝါရီ ၂၃ ရက်စွဲတပ် ထိုမှတ်တမ်းအရ ထိုအစည်းအဝေးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး၊ ထိုစဉ်က ထိပ်တန်းစစ်ဗိုလ်ချုပ်များဖြစ်ကြသည့် ဗိုလ်မှူးချုပ်အေဘယ်လ်၊ ဗိုလ်မှူးချုပ်လွန်းမောင် အပါအဝင် စစ်ဗိုလ်ချုပ် တစ်ဒါဇင်ကျော် တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးက အကျဉ်းသားတို့ကို စစ်မြေပြင်ပို့ပြီး လက်နက်၊ ရိက္ခာ သယ်ဆောင်စေရန်၊ အကျဉ်းသား အင်အား ၅ဝဝ စီ ရှိသော “ဝန်ဆောင်” တပ်ရင်းများကို မြစ်ကြီးနား၊ လွိုင်ကော်၊ မြိတ်၊ သထုံ၊ ဘားအံတို့တွင် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကလည်း ၁၉၉၉ ဇန်နဝါရီ ၂၂ တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းသို့ သွားရောက်ပြီး အကျဉ်းစခန်းများသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်ရေးကို အထောက်အကူပြုသကဲ့သို့ အကျဉ်းသားများစားသောက်ရေးနှင့်ပတ်သက်၍ “နိုင်ငံတော်အစိုးရအပေါ်မှီခိုနေမှုအား အမှီအခိုကင်းသောဘဝရောက်အောင်” လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့ကြောင်း မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ၄ ရက်အကြာတွင် ထိုညွှန်ကြားချက်ကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး လုပ်ငန်းအောင်မြင်ရေး အကောင်အထည်ဖော်ရမည်ဟု ညွှန်ကြားရေးမှူးများသို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။
မှတ်တမ်းများအရ ၁၉၈ဝ တွင် အကျဉ်းသား ၂၅,ဝဝဝ ကို အလုပ်စခန်း ၂၂ ခု တွင် ခိုင်းစေခဲ့သည်။
အစာရေစာမလုံလောက်၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် အကျဉ်းစခန်းများ၊ နိုင်ငံတော် စီမံကိန်းလုပ်ကွက်များတွင် အကျဉ်းသား ထောင်နှင့်ချီ သေဆုံးခဲ့သည်။ ၂ဝ၁၄ ခုနှစ် ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ၁၉၇၈ မှ ၂ဝ၁၄ အတွင်း စခန်းများတွင် သေဆုံးသူ ၅,ဝဝဝ ကျော် ရှိပြီး၊ အကျဉ်းသားတို့၏ “အလဟဿ လေလွင့်ပြုန်းတီးနေသောလုပ်အား” ကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အသုံးချရေးအတွက် အကျဉ်းစခန်းများဆက်လက်ရှိရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ၁ဝ နှစ်ခန့်မှ စတင်ပြီး အကျဉ်းစခန်းတွင် သေဆုံးနှုန်း လျော့ကျလာသော်လည်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်တိုင် တည်ရှိနေသည်။
ယခုအခါ အလုပ်စခန်း ၄၈ ခုတွင် အကျဉ်းသားအရေအတွက် ၂ဝ,ဝဝဝ မှ ၃ဝ,ဝဝဝ ကြား ရှိနေသည်။ ၁၈ ခု မှာ ကျောက်ထုတ်လုပ်ရေး “ကုန်ထုတ်စခန်းများ” ဖြစ်ပြီး ကျန်စခန်းများမှာ စိုက်ပျိုးမွေးမျိုးရေး “အတတ်သင်” စခန်းများ ဖြစ်ကြသည်။
ဗြိတိသျှတို့ရေးဆွဲပြီး ယနေ့တိုင်သုံးစွဲနေသည့် ၁၈၉၄ အကျဉ်းထောင်လက်စွဲတွင် ရဲဘက်စခန်းများဖွင့်ပြီး ကုန်ထုတ်ရမည်ဟူ၍ မပါရှိပေ၊ ထောင်နှင့် ဆက်စပ်သောလုပ်ငန်းများတွင် အဓိကထားခိုင်းစေရမည်ဟု ဖော်ပြထားသည်။
“ဒီအကျဉ်းသားတစ်ယောက်က သူ့ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ခံခဲ့ရပြီးပြီ။ လူ့အသိုင်းအဝိုင်းထဲကနေ သူ့ကို ကာလအကန့်အသတ်တစ်ခုနဲ့ ဖယ်ထုတ်လိုက်ပြီးပြီ။ ဒါကိုက ပြစ်ဒဏ်ပဲလေ။ အဲဒီထဲမှာမှ ထောင်ထဲမှာ လုပ်ရမယ့် လုပ်ငန်းကို ထပ်ပြီး အကျယ်ဖွင့်ဆိုပြီး အကျဉ်းထောင် အပြင်မှာပါ သူ့လုပ်အားကို ထပ်သုံးတော့မယ် ဆိုတော့ သူ့ပြစ်ဒဏ်က နှစ်ဆတိုးသွားသလို ဖြစ်တယ်” ဟု ထောင်မှူးကြီးဦးခင်မောင်မြင့်ကဆိုသည်။
ကျွန်တော်တို့ဟာ ကျွန်တွေပါ
------------------------
ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင် ၂ နှစ် ကျခဲ့သော ရဲဝန်ထမ်းဟောင်း ကိုဇေယျာလင်းသည် မန္တလေးထောင်တွင် လအနည်းငယ် နေခဲ့ရပြီး နောင်ချိုမြို့နယ်၊ ကောင်းမှု အလုပ်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။
စိမ်းလန်းသည့် စပါးခင်း၊ ကြံစိုက်ခင်း၊ ပြောင်းစိုက်ခင်းများ မြင်ကွင်းတစ်ဆုံးရှိသဖြင့် အေးချမ်းမှု၊ ငြိမ်းချမ်းမှုအသွင်ဆောင်သော တောင်ကုန်းအနီးတွင် ငရဲခန်းတို့နှင့် နှိုင်းယှဉ်ခံရသော အလုပ်စခန်းများ တည်ရှိနေသည်။ စခန်းမှ အကျဉ်းသား ၂ဝဝ နီးပါးသည် အကျဉ်းဦးစီးဌာန၏ ကြံစိုက်ခင်း ဧက ၁၄ဝ၊ ပုဂ္ဂလိကစိုက်ခင်းတို့တွင် လုပ်ကိုင်ရသည်ဟု သူက ရှင်းပြသည်။
မည်သည့်အသက်မွေးဝမ်းကျောင်းပညာမှ သင်ကြားခြင်း မပြုသော အဆိုပါ အတတ်သင်စခန်းတွင် အကျဉ်းသားတို့
ရက်သတ္တတစ်ပတ်လျှင် ၆ ရက် လုပ်ကိုင်ရသည်ဟု ဆိုသည်။ သူ စခန်းသို့ ရောက်သည့် ၂ဝ၁၅ ဇူလိုင် ၅ ရက်နေ့ကတည်းက အုပ်ချုပ်မှုအကူအကျဉ်းသားတို့၏ နှိပ်စက်မှုကို ခံရကြောင်း၊ ထိုအချိန်က အုပ်ချုပ်သူမှာ ထောင်ပိုင်ဦးဇော်ဦးဖြစ်ကြောင်း သူက ရှင်းပြသည်။
“ကျောကို ရိုက်တယ်။ တင်ပါးကိုရိုက်တယ်။ အကြောင်းပြချက်ကတော့ အလုပ်နှေးတယ်ပေါ့။ တစ်နေ့ကို မရိုက်ခံရဘူးဆို အချက် ၃ဝ လောက်ရှိတယ်” ဟု ကိုဇေယျာလင်းက ဆိုသည်။
မိခင်၊ ဇနီးတို့ စခန်းလိုက်လာပြီး ထောင်မှူးကြီးကို ၅ သိန်း ပေးလိုက်မှ ရိုက်နှက်မှုများ ရပ်သွားပြီး ထောင်ဝန်ထမ်းတို့ကို ရေနွေးကျို၊ ကော်ဖီဖျော်တိုက်ရသည့်ရာထူး ရခဲ့သည်ဟု ဆိုသည်။ ငွေမပေးနိုင်သည့် ငယ်ရွယ်သောအကျဉ်းသားများအနက် တချို့မှာ စခန်းအတွင်း လိင်ပျော်တော်ဆက်သူများ ဖြစ်သွားကြောင်း သူက ရှင်းပြသည်။
“ငွေရင်းမလား၊ လူရင်းမလား၊ ကျွဲလိုနွားလို အလုပ်လုပ်ပြီး လုပ်အားရင်းရမလား။ ကျန်တာ ရွေးချယ်စရာမရှိဘူး။ တကယ့် ကျွန်ဘဝပါဗျာ” ဟု ကိုဇေယျာလင်းက အကျဉ်းစခန်းမှ ပြန်လွတ်လာသည့်နေ့တွင် ဝမ်းနည်းတစ်ဆို့စွာ ပြောပြသည်။
အမည်မဖော်လိုသူ အကျဉ်းသားတစ်ဦးကလည်း ထိုစခန်းတွင် ရိုက်နှက်ခံနေရသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သောကြောင့် အကျဉ်းထောင်သို့ ပြန်ပို့ခံရရေးအတွက် အသေအကျေ ပြန်လည်တိုက်ခိုက်သည့်နည်းဖြင့် အမှု ဖန်တီးရန် မကြာခဏ စဉ်းစားမိသည်ဟု ဆိုသည်။ သားငယ်၊ သမီးငယ်တို့၏မျက်နှာကိုမြင်ယောင်ပြီး စိတ်ထိန်းထားရကြောင်း၊ မိသားစုက ထောင်ဝင်စာ လာတွေ့ခြင်း မရှိသေးကြောင်း ရိုက်ခံထားရသော ဒဏ်ရာများကို ပြပြီး ပြောပြသည်။
“ကျွန်တော်က တောသူတောင်သားဆိုတော့ ဒီအလုပ်ကြမ်းကို လုပ်နိုင်ပါတယ်။ လုပ်နိုင်လည်း ရိုက်ခံနေရတာပဲ။ ဒီနေ့ တစ်ဧက ပေါင်းရှင်းနိုင်တယ်ဆို၊ နက်ဖန် နှစ်ဧက ခိုင်းတော့ လူကဘယ်လိုမှ မခံနိုင်ဘူး” ဟု မျက်ရည် ဝိုင်းနေသော အဆိုပါ အကျဉ်းသားက အကျဉ်းစခန်းအနီး လုပ်ငန်းခွင်တွင် ခေတ္တတွေ့ဆုံစဉ် Myanmar Now ကို ပြောပြသည်။
ရိုက်နှက်ရန် ဖိအားပေးခြင်း
------------------------
ကောင်းမှုစခန်းအပြင် နောင်ချိုရှိ အကျဉ်းဦးစီးဌာနပိုင် ကော်ဖီခြံ၊ ကြံစိုက်ခင်းများရှိသည့် ကြူအင်း၊ ဟိုခို၊ လွင်ကြီး၊ ကုန်းစံ၊ ခဲမွန် တို့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်သင်စခန်းဟု အမည်ပေးထားသည်။ ဟိုခိုစခန်းမှ ၂ဝ၁၄ တွင် လွတ်မြောက်လာသူ ဦးအောင်စိုးက အကျဉ်းသားအချင်းချင်း အုပ်ချုပ်သည့် တုတ်ကိုင်ရာထူးရရှိရန် သိန်းနှင့်ချီ လာဘ်ထိုးရသည်ဟု ပြောပြသည်။
“ရိုက်မှ အကျဉ်းသားတွေက အမြဲကြောက်နေပြီး ဝန်ထမ်းတွေကို ပိုက်ဆံပေးမယ်၊ ပစ္စည်းပေးမယ်၊ ဒီဝန်ထမ်းတွေ ရေချိုးရင် ဆပ်ပြာတိုက်ပေးမယ်၊ သူတို့ကို နှိပ်နယ်ပေးမယ်၊ နည်းမျိုးစုံနဲ့ ကျွန်ခံပေးမယ်။ ဒါ့ကြောင့်ရိုက်တာ” ဟု ဦးအောင်စိုးက ဆိုသည်။
ဦးအောင်စိုး အကျဉ်းစခန်းတွင် အရိုက်မခံရစေရန် ကျင့်သုံးခဲ့သောနည်းလမ်းမှာ အခြားအကျဉ်းသားတို့နှင့် မတူပေ။ ၂ဝ၁၃ ခုနှစ်က ဟိုခိုသို့ ရောက်သည်နှင့် အကျဉ်းသားသစ်များကို ရိုက်နှက်ပြီး ကြိုဆိုစဉ် ဦးအောင်စိုးက သူ့အား ရိုက်နှက်ပါက အသက်နှင့်ရင်းပြီး ပြန်လည်တိုက်ခိုက်မည်ဟု ပြောဆိုခဲ့သည်။
ထောင်သက် ၁၇ နှစ်၊ တုတ်ခိုင်သော သူ၏ခန္ဓာကိုယ်၊ စူးရှသော မျက်လုံးအစုံ၊ တင်းမာသော သူ၏ မေးကြောတို့က သူ၏ခြိမ်းခြောက်မှုကို အထောက်အပံ့ပေးခဲ့သည်။ ရိုက်နှက်ခြင်းမခံရသော်လည်း သူလည်း အလုပ်ကြမ်း လုပ်ရသည်။
အကျဉ်းစခန်းမှ လွတ်မြောက်ပြီး မကြာမီတွင် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေလိုက်သည်။ လူဆိုးများထက်ဆိုးသောသူတို့မှာ အကျဉ်းဦးစီးဝန်ထမ်းများဖြစ်ကြောင်း ထိုစာအုပ်တွင် နိဒါန်းချီထားသည်။ အကျဉ်းသားများ ကြံခုတ်ပြီး ကြံဖတ်ခွာစဉ် ရိုက်နှက်ခံရသည်ဟု ဆိုသည်။
“တစ်နေကုန် မကြာခဏရိုက်တယ်။ ထောင်မှူး၊ ဝန်ထမ်းအကြပ်တွေက သူတို့ရှေ့မှာ ရိုက်နေတာကို တစ်ခွန်းမှ ဝင်မပြောဘူး။…တစ်ယောက်မကျန် အကုန်ရိုက်တယ်။ ကျွန်တော့်ကိုသာ မရိုက်တာပါ” ဟု သူက ထိုစာအုပ်တွင် ရေးသားထားသည်။
မကြာသေးမီက သူနေထိုင်ရာ ရန်ကုန်၊ အင်းစိန်မြို့နယ်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ကြံစည်းများ ထမ်းပုံခဲ့ပုံရပုံကို ပြန်ပြောပြပြီး “ကျွန်တော် အခု ကြံပင်ကိုတွေ့ရင် သိပ်မုန်းတယ်” ဟု ဦးအောင်စိုးက ဆိုသည်။
၂ဝ၁၄ ခုနှစ်က နောင်ချိုရှိ အကျဉ်းစခန်းများကို အဓိကကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက ကောင်းမှုစခန်း ရိုက်နှက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူ ထောင်မှူးကြီး ဦးဇော်မြင့်ဦးကို သတိပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
“ဒါက လူသေလောက်တဲ့ကိစ္စလည်း မဟုတ်ဘူး၊ သာမန်ပဲဆိုတော့ နှုတ်နဲ့ပဲ သတိပေးခဲ့တယ်။ တခြားအရေးယူတာမျိုးတော့မရှိဘူး” ဟု မန္တလေးမြို့ ထုံးဘိုကျောက်ထုတ်စခန်း (အမျိုးသား) တွင် တာဝန်ကျနေသော လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက ပြောသည်။
စည်းကမ်းဘောင်အတွင်း နေထိုင်သူကို သတ်မှတ်ကာလမတိုင်ခင် လျှော့ရက်ပေးပြီး ပြန်လွှတ်လေ့ ရှိရာ စည်းကမ်းတစ်ခုခုဖောက်မိသော အကျဉ်းသားက လျှော့ရက် မရမည်ကို စိုးရိမ်ပြီး အရိုက်ခံရခြင်းကို သာလိုလားသည့် အခြေအနေမျိုးလည်း ရှိတတ်သည်ဟု သူက ဆိုသည်။
Myanmar Now က သွားရောက်လေ့လာခဲ့သည့် အကျဉ်းစခန်းများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ သည် အဖိနှိပ်ဆုံးစခန်းများတွင် ပါဝင်သည်။ ထိုစခန်းတွင် အကျဉ်းကျခဲ့သူ ကိုထန်းသည် ဘုတ်ကိုင် ခေါ် တုတ်ကိုင်ရာထူး ရရန် ငွေလမ်းခင်း ကြိုးပမ်းပြီးနောက် ဘဝတူအကျဉ်းသားများကို ကိုင်တွယ်အုပ်ချုပ်ရသူတစ်ဦး ဖြစ်လာသည်။
“ကျွန်တော်က မမောင်းရင် ကျွန်တော့်ကို အထက်အရာရှိတွေက ဖိအားပေးတယ်။ မင်းတို့ကောင်တွေ ဒီနေ့ ဘာလို့ ဒီလောက်ပဲပြီးတာလဲလို့ ကျွန်တော့်ကိုပြောတော့ ကျွန်တော်ကလည်း ကျွန်တော့်အောက်က လူတွေကို ဖိရတာပေါ့” ဟု ယမန်နှစ် သြဂုတ်လတွင် လွတ်မြောက်လာသော ကိုထန်းက Myanmar Now ကို ပြောပြသည်။
ရောင်းစားခံရသော လုပ်အား
------------------------
ကုလသမဂ္ဂက ၁၉၅၅ တွင်ချမှတ်ထားသော “အကျဉ်းသားများဆက်ဆံရာတွင် အနိမ့်ဆုံး ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများ” တွင် အကျဉ်းသားတို့ကို အန္တရာယ်သဘောဆောင်သည့် ခိုင်းစေမှု မပြုရ၊ လုပ်ငန်းတစ်ခုခုမှ စီးပွားရေးအကျိုးအမြတ်ရရန် ရည်ရွယ်၍ ခိုင်းစေခြင်းမပြုရဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော အဓမ္မခိုင်းစေမှုဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ် အခန်း ၂ တွင်လည်း တရားရုံးကပြစ်ဒဏ် ချမှတ်လိုက်သူသည် ပုဂ္ဂလိက ကုမ္ပဏီ၊ အသင်းအဖွဲ့များ၏ အသုံးချခံမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။
Myanmar Now က သွားရောက်လေ့လာခဲ့သော မွန်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများရှိ အကျဉ်းစခန်းအချို့တွင် ထောင်အာဏာပိုင်တို့က အကျဉ်းသားများ၏ လုပ်အားကို ပုဂ္ဂလိကအလုပ်များတွင် အသုံးချလျက်ရှိသည်။
နောင်ချို၊ ကောင်းမှုစခန်းမှ လွတ်လာသော ကိုဇေယျာလင်းက ငွေရည်ပုလဲကုမ္ပဏီပိုင် ကြံစိုက်ခင်း၊ စခန်းတဝိုက်ရှိ ရွာသားတို့၏ စပါးခင်း၊ ပြောင်းခင်းများတွင် သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း ပြောသည်။
“ကျွန်တော့်ရှေ့မှာတင် ထောင်မှူးကို လုပ်ငန်းရှင်တွေက အကျဉ်းသား ၁ဝဝ ကို တစ်နေ့ (လုပ်အားခ တစ်ယောက်) ၃,ဝဝဝ နဲ့ တွက်ပြီး ပိုက်ဆံရှင်းတာ တွေ့တယ်၊ ကျွန်တော်တို့အကျဉ်းသားကတော့ ဘာမှမရဘူး” ဟု သူက ဆိုသည်။
အကျဉ်းဦးစီးဌာနတွင် ၂ဝဝ၄ မှ ၂ဝ၁၂ အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ငွေရည်ပုလဲနှင့် အကျဉ်းဦးစီးဌာနတို့ ကြံစိုက်ခင်း ဧက ၈ဝဝ ခန့် နောင်ချိုတွင် လုပ်ကိုင်ရန် စာချုပ်ချုပ်ထားခဲ့ကြောင်း ပြောပြသည်။ ဌာနက မြေ နှင့် အကျဉ်းသားလုပ်အားထည့်ဝင်ပြီး ကုမ္ပဏီက မျိုးစေ့၊ မြေသြဇာ ထည့်ဝင်ကြောင်း သူကဆိုသည်။
“ကျွန်တော်တို့ ရိတ်သိမ်းပေးပြီး၊ သူတို့က သူတို့ကားနဲ့လာတင်တာရှိသလို၊ ကျွန်တော်တို့ကားနဲ့ သွားတင်ပြီး သူတို့သကြားစက်ကို သွားပို့လို့ရတော့ ဈေးကွက်အတွက်လည်း ပူစရာမရှိတော့ဘူး။ ဒီလို အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့်ရှိတာ ဒါကျွန်တော့်လက်ထက်မှာ အကြီးမားဆုံးပဲ” ဟု သူက ရှင်းပြသည်။
နောင်ချို အကျဉ်းစခန်းများကို ကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက အကျဉ်းသားများ၊ ဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် စခန်းတာဝန်ခံတို့က အဆင်ပြေသလိုရှာဖွေရကြောင်း၊ အကျိုးအမြတ်ကို မျှမျှတတ ခွဲဝေသုံးစွဲလျှင် တိုင်တန်းမှု ရှိမည်မဟုတ်ကြောင်း ပြောပြသည်။
နောင်ချို အကျဉ်းစခန်းများတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အကျဉ်းစခန်း အများစုတွင်လည်း ဖြစ်ပျက်နေသည်။ ထိုကဲ့သို့ ပုဂ္ဂလိကအလုပ်များတွင် သွားရောက်လုပ်ကိုင်ရသည်ကို ထောင်အာဏာပိုင်များက လုပ်အားပေးဟု အမည်တပ်ကြောင်း အကျဉ်းသားများ၊ ပြန်လွတ်လာသူများက အတည်ပြုသည်။
ရာဇဂြိုဟ် ၂ အနီးရှိ ရာဇဂြိုဟ်ရွာ အုပ်ချုပ်ရေးမှူး ကိုချောအောင်ကလည်း ရွာသားတို့က ထောင်အာဏာပိုင်တို့ကို အခကြေးငွေပေးပြီး အကျဉ်းသားတို့၏လုပ်အား ရယူကြောင်း ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ကျောက်ထုတ်စခန်းမှ ရာနှင့်ချီသောအကျဉ်းသားများသည် ပုဂ္ဂလိကပိုင် စပါးခင်း၊ ရော်ဘာခြံများတွင် လုပ်ကိုင်ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးရွှေထွန်းက Myanmar Now ကို ပြောသည်။ ဇူလိုင် ၃ဝ ရက်နေ့က အရပ်ဝတ် အကျဉ်းသား ၅ဝ ခန့် သူ့အိမ်အနီးရှိ ပုဂ္ဂလိက လယ်ကွင်းတွင် အလုပ်လုပ်နေရသည်ကို တွေ့ရှိကြောင်း သူက ဆက်ပြောသည်။
“အကျဉ်းသားတွေကို အပြင်မှာတရားဝင်ခိုင်းခွင့်မရှိတာလည်းတစ်ကြောင်း၊ လုပ်ရတာကလည်း မုပ္ပလင်မြို့အဝင် လမ်းမကြီးဘေးမှာ ဆိုတာကလည်း တစ်ကြောင်းမို့ အကျဉ်းသားဝတ်စုံပြာတွေနဲ့ဆိုရင် အများအမြင်မှာ မကောင်းဘူးထင်တယ်၊ ဒါ့ကြောင့်မို့လို့ အကျဉ်းသားတွေကို အရပ်ဝတ်နဲ့ခိုင်းတာ” ဟု သူက မှတ်ချက်ပြုသည်။
စခန်းတာဝန်ခံများ အလွယ်တကူချမ်းသာလာကြောင်း သူက ဆက်ပြောသည်။ “ထောင်ပိုင်တွေ ဒီကိုရောက်လာပြီး ၁ နှစ်မပြည့်ဘူး၊ အိမ်တွေ၊ ခြံတွေ အကုန်ပိုင်ဆိုင်သွားတာပဲ” ဟု သူက ဆိုသည်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို အကျဉ်းစခန်းများ၏ ဆိုးဝါးသော အခြေအနေများအကြောင်း မေးမြန်းရာ သူက အသေးစိတ် ရှင်းလင်းခြင်း မရှိသော်လည်း တိုးတက်ဖြစ်ထွန်းမှုများ ရှိသည်ဟု ဆိုသည်။
“ဒါတွေက ရှိကောင်းရှိနိုင်ပါတယ်။ ယခင်ကလောက်တော့ မဆိုးတော့ပါဘူး” ဟု ဦးမင်းထွန်းစိုးက ဆိုသည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံရုံးတာဝန်ခံ Piyamal Pichaiwongse က အကျဉ်းစခန်းများရှိ အလုပ်သည် ပုဂ္ဂလိကကုမ္ပဏီတို့၏အကျိုးစီးပွားနှင့် ဆက်စပ်နေပါက ကုလသမဂ္ဂ အဓမ္မခိုင်းစေမှုပဋိဥာဉ်အရ အဓမ္မခိုင်းစေမှုမြောက်ကြောင်း ပြောသည်။
“အကျဉ်းသားတွေကိုခိုင်းစေတဲ့အလုပ်ဆိုတာ ထောင်ရဲ့ဘောင်ထဲမှာပါပြီး၊ ထောင်ရဲ့ အကောင်းဆုံးသော အကျိုးစီးပွားကိုသာ ဦးတည်ရမှာဖြစ်ပါတယ်။ ဥပမာ ထောင်ထဲမှာ အကျဉ်းသားတွေ ထင်းခွဲမယ်၊ ထမင်းဟင်း ချက်မယ်၊ အခန်းတွေကို သန့်ရှင်းရေးလုပ်မယ်၊ ဒါဆိုရင်တော့ အဓမ္မခိုင်းစေတာ မမြောက်ဘူးပေါ့” ဟု ILO အရာရှိက ဆိုသည်။
သူကိုယ်တိုင် မန္တလေးမြို့အနီး ရထားခရီးစဉ်တစ်ခုတွင် အကျဉ်းဦးစီး အလုပ်စခန်းတစ်ခုမှ အကျဉ်းသားများကို လှမ်းတွေ့ဖူးကြောင်း ပြောသည်။
“ကျွန်မ အကျဉ်းသားတွေကို လှမ်းမြင်လိုက်တော့ အို…့ဘယ်လိုပြောရမလဲ၊ သူတို့က ကျွန်တွေနဲ့ တူလိုက်တာ။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူမှ ကျွန်မတို့ဆီ လာမတိုင်ကြဘူး” ဟု သူက ပြောပြသည်။ ။
-------------------------------------
Myanmar Now သတင်းအေဂျင်စီရဲ့ ဆောင်းပါးများ၊ အင်တာဗျူးများကိုhttp://www.myanmar-now.org/my/about/using-our-content/ မှာ ဖော်ပြထားတဲ့ စည်းကမ်းချက်များအတိုင်း အခမဲ့ အသုံးပြုခွင့် ပေးနေပါတယ်။
.
##ကိုNay Win
SiThuAung


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ စခန်းအသီးသီးမှ စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား၊ အကျဉ်းသူများအား လျှော့ရက်ဖြင့် ပြန်လွှတ်ပေးခြင်း
==============================================

လိမ္မတဲ့အကျဉ်းသား ၁၆၅၀+၂၃၃ (ကျား+မ) =  (ရန်ကုန် ၃၉၁+၆၂ မန္တလေး ၃၅၆+၄၈၊ စစ်ကိုင်း ၁၇၅+၁၂၊ ဧရာဝတီတိုင်း ၁၁၇+၆၊ ရှမ်း ၁၀၁၊ ပဲခူး ၁၃၉၊ ကုန်ထုတ်လုပ်ငန်းအကျဉ်းသား ၁၁၁+၁၂

Monday, December 12, 2016

မွေးစားကလေးအား တုတ်၊ ဓားဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး နှိပ်စက်မှုအပေါ် တိုင်ကြား - အိမ်မဲမြို့နယ်


မွေးစားကလေးအား တုတ်၊ ဓားဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး နှိပ်စက်မှုအပေါ် တိုင်ကြား
သတင်း ပြည်တွင်း
စည်သူမောင်မောင်
4 hours 7 minutes ago Sat, 11/12/2016 - 21:44 Hits: 35849 times
(ဓာတ်ပုံ- စည်သူမောင်မောင်/မဇ္ဈိမ)
ပုသိမ်(နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။
အရပ်စာချုပ်ဖြင့် မွေးစားထားသည့် ၁၃နှစ်အရွယ် ကလေးငယ်တဦးအား မွေးစားအမေက တုတ်၊ ဓားဖြင့် နှိပ်စက်နေသည့်အပေါ် မခံမရပ်နိုင်ဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြုပြီး နိုဝင်ဘာ ၁၂ရက်က နယ်မြေရဲစခန်းတွင် တိုင်ကြားလိုက်သည့်ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။
အိမ်မဲမြို့နယ်အတွင်းရှိ လူကောင်းကျွန်းကျေးရွာနေ ဦးဝင်းထိုက်နှင့် ဒေါ်စန်းစန်းမော်တို့က အရပ်စာချုပ်ဖြင့် မွေးစားထားသော အမျိုးသမီးငယ် မဟန်နီဝင်းထိုက်အား နှိပ်စက်နေမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြုံးချိုက လူကောင်းကျွန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
"ကလေး ခန္ဓာကိုယ်မှာ ဒဏ်ရာအဟောင်းတွေရော၊ အသစ်တွေရော တွေ့ရတယ်။ ဦးခေါင်းမှာလည်း တွေ့ရတယ်။ ရိုက်တာ၊ ရေနွေးပူနဲ့ ပက်တာတွေပါ။ လက်ရှိ နိုဝင်ဘာလထဲ တုတ်နဲ့ရိုက်ထားလို့ ဝဲဘက်မျက်ခုံးအပေါ်မှာ ဒဏ်ရာတစ်ခု တွေ့ရတယ်။ ကလေးကို နှိပ်စက်တာတွေများလို့ ဥပဒေအတိုင်း ဆောင်ရွက်စေချင်လို့ ဒီနေ့ ကျွန်တော်တို့ အမှုဖွင့်ထားတာ" ဟု ဦးပြုံးချိုက အမှုဖွင့်ထားသည့်ဖြစ်စဉ်အပေါ် မဇ္ဈိမကို ပြောသည်။
ဦးဝင်းထိုက်နှင့် ဒေါ်စန်းစန်းမော်တို့သည် မဟန်နီဝင်းထိုက် ၄နှစ်သမီးအရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်သည်။
"သူတို့မှာ သားသမီးမရှိလို့ ခေါ်ယူပြီး မွေးစားခဲ့တာ။ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးမှူးကာလတုန်းက ခံဝန်လက်မှတ် ထိုးထားတယ်။ ကလေးက ပညာ လေးတန်းအထိ သင်ကြားခဲ့ရတယ်။ ကလေးက အတန်းတိုင်းမှာ စာတော်တယ်။ ကလေးမိဘတွေ ဆုံးသွားပြီလို့ ကြားတယ်။ တာချီလိတ်ဘက်ကပါ။ သူ့အဒေါ်ဆီပို့တာ အဒေါ်က မတတ်နိုင်လို့ အရပ်စာချုပ်နဲ့ ခေါ်မွေးစားခဲ့တာ" ဟု ဦးပြုံးချိုက ဆိုသည်။
ကလေးငယ်အား လေးတန်းအထိ ကျောင်းထားပေးပြီးနောက် အိမ်အလုပ်များ ခိုင်းစေကာ တုတ်ဖြင့်ရိုက်ခြင်း၊ ရေနွေးပူဖြင့် ပက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
နှိပ်စက်ခံရသူ ကလေးငယ်၏ ဒဏ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့သူ ရပ်/ကျေးစာရေး ဒေါ်အေးငြိမ်းက "ခေါင်းမှာ တုတ်နဲ့ရိုက်ထားတာ အကြီးကြီးတွေ၊ နားနောက်မှာ ရေနွေးပူနဲ့ လောင်းထားတဲ့ဒဏ်ရာ၊ ညာဘက်လက်မှာ ဒဏ်ရာနှစ်ခုတွေ့တယ်။ တင်ပါးနှစ်ဘက်မှာလည်း ဆေးထိုးအပ်နဲ့ ခြစ်ထားတာတွေ့တယ်။ ဆီးခုံမှာ ဓါးဦးနဲ့ ပေါက်ထားခံရတယ်" ဟု ပြောပြသည်။
နှိပ်စက်ခံရသည့်အတွက် ကလေးငယ်က အိမ်မှ(၇)ကြိမ်ခန့် ထွက်ပြေးခဲ့ဖူးသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြုံးချိုက ပြောသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကာယကံရှင် မဟန်နီဝင်းထိုက်အား မဇ္ဈိမက မေးမြန်းရာတွင် "မနေချင်ဘူး။ နှိပ်စက်တယ်၊ ရိုက်တယ်။ သမီးကို တုတ်နဲ့ ရိုက်တယ်။ ဟိုငယ်ငယ်တုန်းကဆို ကြိုးတုပ်ပြီး ရိုက်တယ်။ တင်ပါးကို ဓားနဲ့ထိုးခံရတယ်။ ကျောင်းတက်ချင်တာ ကြောက်လို့ မပြောရဲဘူး။ ငိုရင် ပိုရိုက်တယ်" ဟု ပြန်ပြောပြသည်။
မဟန်နီဝင်းထိုက်၏ ပြောဆိုချက်အရ မွေးစားအမေဖြစ်သူ ဒေါ်စန်းစန်းမော်က ရိုက်နှက်နှိပ်စက်သည်ဟု သိရသည်။
မဟန်နီဝင်းထိုက်၏ မွေးစားအမေ ဒေါ်စန်းစန်းမော်၏ မောင်အရင်း တော်စပ်သူ ဦးဇော်ဝင်းက "ကိုယ်နဲ့ မောင်နှမတွေပါ။ ခြေရင်း၊ ခေါင်းရင်း နေခဲ့တာ။ ကလေးကို နေထုတ်လှန်းတာတွေ လုပ်တယ်။ ခေါင်းကို ရေနွေးပူနဲ့ လောင်းတာတွေ လုပ်တယ်။ အစားအသောက် ပုံစံခွက်နဲ့ ကျွေးတယ်" ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ပြောပြသည်။
၎င်းဖြစ်သဉ်နှင့် ပတ်သက်ပြီး လူကောင်းကျွန်းနယ်မြေရဲစခန်းက ပ နံပါတ် ၂၁/၂၀၁၆၊ ပုဒ်မ ၂၉၄၊ ၃၂၅၊ ၃၂၆တို့ဖြင့် အမှုဖွင့်ထားကာ အိမ်မဲမြို့နယ်တွင် ရမန်ယူပြီးနောက် ကလေးငယ်အား မြောင်းမြဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်လျက် ရှိသည်။ အမှုနှင့် ပတ်သက်ပြီး ဒေါ်စန်းစန်းမော်အား အမှုဖွင့်ကာ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

https://www.facebook.com/humanrightsmm/posts/895270010603854


ပြည်သူ့လွှတ်တော်အဆိုတင် - လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာအရေးယူပေးပါရန် 26.9.2016

# ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၄၀ ရက်မြောက်နေ့အစီအစဉ်
[၂၆-၉-၂၀၁၆] 
(တနင်္လာနေ့)၊

၇။  ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ ဒေါပုံမဲဆန္ဒနယ်က တင်သွင်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာအရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား  တိုက်တွန်းကြောင်းအရေးကြီးအဆို” ကို အောက်ပါလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်၊
(ခ) ဦးရဲထွန်း၊ ပေါက်မဲဆန္ဒနယ်၊
(ဂ) ဦးထွန်းမြင့်၊ ဗဟန်းမဲဆန္ဒနယ်၊
(ဃ) ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်၊
(င) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်၊
(စ) ဦးဝင်းမြင့်အောင်၊ ဒီပဲယင်းမဲဆန္ဒနယ်၊
(ဆ) ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်၊
(ဇ) ဒေါက်တာဦးခင်မာင်သင်း၊ အရာတော်မဲဆန္ဒနယ်၊
(ဈ) ဦးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်၊
(ည) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော်မဲဆန္ဒနယ်၊
(ဋ) ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်၊
(ဌ) ဗိုလ်မှူးအောင်ဇင်မင်း၊ တပ်မတော်သားကိုယ်စားလှယ်၊
(ဍ) ဒေါ်ပြုံးကေသီခိုင်၊ ကလောမဲဆန္ဒနယ်၊
(ဎ) ဦးတင်ထွန်းနိုင်၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်၊
(ဏ) ဦးရည်မွန်(ခ)မောင်တင်သစ်၊ပုဗ္ဗသီရိမဲဆန္ဒနယ်၊
(တ) ဦးဝေလှိုင်ထွန်း၊ ပုသိမ်မဲဆန္ဒနယ်။

ပြည်သူ့လွှတ်တော်အဆို -နိုင်ငံရပ်ခြားအလုပ် မြန်မာနိုင်ငံသားများအား အလုပ်ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများ 28.9.2016

# ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၄၂ ရက်မြောက်နေ့အစီအစဉ်
[၂၈-၉-၂၀၁၆]
(ဗုဒ္ဓဟူးနေ့)

၇။ ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က တင်သွင်းသည့် “ မိမိနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများအား နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်၍ အမြန်ဆုံးထိရောက်စွာကူညီပံ့ပိုး ကယ်တင်စောင့်ရှောက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြေင်း “ အဆိုကို အောက်ပါလွှတ်တော်  ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဦးသောင်းဌေးလင်း၊ ပုသိမ်ကြီးမဲဆန္ဒနယ်၊
(ခ) ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဥ့်ကိုင်မဲဆန္ဒနယ်၊
(ဂ) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်၊
(ဃ) ဦးသက်နောင်၊ လဟယ်မဲဆန္ဒနယ်၊
(င) ဦးပေါလ်ဆိုင်း၊ ဒီးမောဆိုမဲဆန္ဒနယ်၊
(စ) ဦးသန်းလင်းလင်း၊ မယ်စဲ့မဲဆန္ဒနယ်၊
(ဆ) ဒေါ်ခင်စန္ဒီ၊ လောင်းလုံးမဲဆန္ဒနယ်၊
(ဇ) ဦးစိုင်းဦးခမ်း၊ သိန္နမဲဆန္ဒနယ်၊
(ဈ) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်၊
(ည) ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ်၊
(ဋ) ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်၊
(ဌ) ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်၊
(ဍ) ဦးအင်ထုံးခါးနော်ဆမ်၊ မြစ်ကြီးနားမဲဆန္ဒနယ်၊
(ဎ) ဒေါ်နန်းခင်စော၊ ကွန်ဟိန်းမဲဆန္ဒနယ်၊
(ဏ) ဗိုလ်မှူးတင်အောင်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ်၊
(တ) ဗိုလ်မှူးဟိန်းမင်းထက်၊ တပ်မတော်သားကိုယ်စားလှယ်၊

ပြည်သူ့လွှတ်တော်အဆို - အလုပ်ရှင်များမှ အလုပ်သမားများကို အဓ္ဓမခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင်ရန် 22-11-2016

# ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး
ပဉ္စမနေ့အစီအစဉ်
[၂၂-၁၁-၂၀၁၆]
(အင်္ဂါနေ့)၊

၇။ ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က တင်သွင်းသည့်” အိမ်အကူအလုပ်သမားများအပါအဝင် အလုပ်သမားများခန့်ထားရာတွင် ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ အလုပ်သမားမှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်ရှင်များမှ  အလုပ်သမားများကို အဓ္ဓမခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ်တားဆီးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း “ အဆိုကိုအောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း -
(က) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်၊
(ခ) ဦးဇော်မင်းလွင်၊ မတ္တရာမဲဆန္ဒနယ်၊
(ဂ) ဒေါက်တာမြင့်သိန်း၊ ညောင်လေးပင်မဲဆန္ဒနယ်၊
(ဃ) ဦးစောတင်ဝင်း၊ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်၊
(င) ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်၊
(စ) ဒေါ်မြခွာညိုဦး၊ ရွှေတောင်မဲဆန္ဒနယ်၊
(ဆ) ဒေါ်တင်တင်ရီ၊ ကျွန်းစုမဲဆန္ဒနယ်၊
(ဇ) ဒေါက်တာဦးအေးမင်း၊ ခရမ်းမဲဆန္ဒနယ်၊

Saturday, October 1, 2016

ကိုပါကြီး သေဆုံးမှုလက်သည်မပေါ် (ဇနီး မသန္တာ NLD လွှတ်တော်အမတ်အဖြစ်အရွေးခံရ)



"ကျိုက်မရောမြို့နယ်တရားရုံးက ကိုပါကြီးအမှုအား ရိုးရိုးသေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးပြီး ရုံးချိန်း ၃ချိန်း တိုင်အောင် ကျန်ရစ်သူ ဇနီး မသန္တာအား ဆင့်ခေါ်စာမပို့ဟုဆို"
ကျိုက်မရောမြို့နယ်တရားရုံးက ကိုပါကြီးအမှုအား ရိုးရိုးသေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးပြီး ရုံးချိန်း ၃ချိန်း တိုင်အောင် မသန္တာအား ဆင့်ခေါ်စာပေးပို့ခြင်းမရှိကြောင်း မသန္တာက The Ladies သို့ မေ၆ရက်ကပြောသည်။
မသန္တာက``ရုံးချိန်းက ၃ချိန်းရှိသွားပြီ မေ၁၁ရက်နေဆိုရင် စတုတ္ထအကြိမ်ဖြစ်သွားပြီ ကျိုက်မရောမြိုနယ် စခန်းမ...


ကိုပါကြီး (အသက် ၄၉နှစ် ) ဈာပန မြင်ကွင်း မှတ်တမ်း ။



ကိုပါကြီး ဇနီး မသန္တာကို မဲထည့်ကြပါ
/////////////////////////////////////////////////////////
ကျမမှာငွေမရှိဘူး မိဘမရှိဘူးဆွေမျိုးမရှိဘူး တဦးတည်းသာရှိတဲ့သမီးကအဝေးမှာ ဒါပေမယ့် ယုံကြည်ချက်ရှိတယ် ခိုင်မာတဲ့စိတ်ဓါတ်ရှိတယ် ဇွဲရှိတယ်.
မသန္တာ
လေးစားလျှက်
27.9.2015

အလွတ်သတင်းထောက် ကိုပါကြီး မတရား အသတ်ခံခဲ့ရတာကို အမှုမှန် ဖော်ထုတ်ပေးဖို့  တောင်းဆို ဆန္ဒြုပခဲ့သူ ကိုသိန်းအောင်မြင့်ကို ထောင် ၆ လ ချတယ်ဆိုတော့၊ အမိန့် ချတဲ့ အောင်မြေစံသာ တရားသူကြီးက မတရား အသတ်ခံရမှုကို အားပေးသူဘဲ။ အာဏာရှင်ခေတ်မှာ မတရားသူကြီးတွေဟာ အဓိကကျတဲ့ ဒေါက်တိုင်တွေ ဖြစ်နေကြတယ်။




ကိုပါကြီး အမှုပိတ်လိုက်ပေမယ့် မိသားစုက သမ္မတဆီ စာချွန်တော် တင်သွင်းမည်
Posted by  on  in မှုခင်း, သတင်း

Details

အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံခဲ့ရတဲ့ အမှုကို ရဲစခန်းက အမှုပိတ်လိုက်ပေမယ့် မိသားစုကတော့ နိုင်ငံတော် သမ္မတဆီကို စာချွန်တော် တင်သွင်းမယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ စိုးရ သတင်းပေးပို့ ထားပါတယ်။
DVB TV – 11.04.2016

ကချင်ဆရာမနှစ်ဦးအတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲကျင်းပ.


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ကချင်ကျောင်းဆရာမနှစ်ဦး အတွက် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၌ ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက် ၁၁ နာရီခန့်က ကျင်းပသည်ကို တွေ့မြင်ရစဉ်။
(ဓာတ်ပုံ - အောင်နိုင်)


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ကချင်ကျောင်းဆရာမနှစ်ဦး အတွက် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၌ ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက် ၁၁ နာရီခန့်က ကျင်းပသည်ကို တွေ့မြင်ရစဉ်။
(ဓာတ်ပုံ - အောင်နိုင်)



ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရခြင်းကို သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန် အမျိုးသမီးအဖွဲ့များ ကတောင်းဆို
ရန်ကုန်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် နမ့်တောင်ကျေးရွာ အုပ်စုကောင်း ခါးကျေးရွာတွင် အသတ်ခံရ ၍သေဆုံး ခဲ့ ရသည့် ကချင်တိုင်းရင်း သူကျောင်းဆရာမနှစ်ဦးနှင့် ပတ်သက် ၍ကျောက် တံတား မြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံဝင်းထဲ ရှိကျောက်တိုင်ရှေ့တွင် အမျိုးသမီး အဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေး သီး ခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပေး ရန် ဇန်နဝါရီ ၂၃ရက်တွင် ဆုတောင်းပွဲ ပြုလုပ်တောင်း ဆိုလိုက်သည်။
#Mizzimadaily
့
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/…/i…/37680-2015-01-24-10-26-56





ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရခြင်းအတွက် မန္တလေးတွင် ဆုတောင်းပွဲပြုလုပ်။
ဇန်န၀ါရီ ၂၆ ။
မူဆယ်နယ်ဘက်တွင်အသတ်ခံရ၍ သေဆုံးခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ဇန်န၀ါရီ ၂၆-ရက်၊ညနေ ၅-နာရီကျော်ကမန္တလေးမြို့၊၂၆-လမ်း၊၇၄×၇၅ လမ်း၊မက်သဒစ်ခရစ်ယာန်ဘုရားေ ကျာင်းတွင် ပြုလုပ်ခဲ့ရာ ၀တ်ပြုဆုတောင်းသူ၃၀၀-ကျော်တက်ရောက်ဆုတောင်း ခဲ့သည်။
အဆိုပါ ဆရာမလုရာ(၂၀-နှစ်)နှင့် ဆရာမ ခေါင်န်နန်စင်(၂၁)နှစ်တို့သည် ဇန်န၀ါရီ၁၉ရက်နေ့၊ညသန်းခေါင်ခန့်က အသတ်ခံရခြင်း ဖြစ်သည်။
“သမီးတို့တွေ ခုလိုမငြိမ်းချမ်းတဲ့ နေရာတွေမှာ စေတနာဝန်ထမ်းအဖြစ် သွားေ ရာက်သင်ကြားပေနေကြ တာ ရှိတယ်။လူတစ်ထောင်ပညာတတ်ဖို့ အတွက် တစ်ယောက်က သွားသင်ပေးရတာ။ မကြားဘူး မငြိမ်းချမ်းသေး တဲ့နေရာတွေမှ ပညာသင်ပေးရတဲ့ ဆရာမတွေ လုံခြုံမှုမရှိတော့ဘူး။”ဟု လာရောက်ဝတ်ပြုဆုေ တာင်းရန်ရောက်လာသည့် အမျိုးသမီး စိုင်းခေါင်က ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံ လွှဲချနေခြင်း ထက်အဖြစ်မှန် ပေါ်ပေါက် အောင် ဖေါ်ထုတ်ရန်လိုအပ်ပြီး၊ ငြိမ်းချမ်းရေးကို ရှေ့တိုး/နောက်ဆုတ်အခြေအနေ ဖြစ်သွားနိုင်ကြောင်း၊မငြိမ်းချမ်းသေးသည့် ဒေသများတွင် ပြည်သူများ မြေဇာပင်မဖြစ်အောင်နှစ်ဖက်လုံးမှသတိထားသင့်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။





ကချင်ဆရာမနှစ်ဦး သေဆုံးမှု ခမရ ၅၀၃ နှင့်ဆက်စပ်နိုင်ဟု KBC ကြေငြာ
======================================
The Yangon Globe
News And Media
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းဝင်းအတွင်းရှိနေအိမ်တွင် မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရသည်ဟု ယူဆရသော ကချင်ကျောင်းဆရာမနှစ်ဦး၏အမှုတွင် အစိုးရတပ် ခမရ (၅၀၃) အားသင်္ကာမကင်းဖြစ်ကြောင်း ကချင်နှစ်ခြင်းအသင်းတော် (KBC) က ယမန်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
ဆရာမနှစ်ဦးမှာ ဇန်န၀ါရီ ၁၉ ရက်နေ့ မနက် ၁ နာရီခန့်တွင် မုဒိမ်းကျင့်၊ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားရာ ကောင်းခါးကျေးရွာအနီးတွင် အစိုးရတပ် ခမရ (၅၀၃) မှလွဲ၍ အခြားမည်သည့် လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်ဂိုဏ်းများလည်းမရှိကြောင်း KBC ကဆိုသည်။
အခင်းဖြစ်ပွားရာအချိန်တွင် ဆရာမနှစ်ဦး၏ အော်ဟစ်သံကို ရွာသူရွာသားများက ကြားခဲ့ရကြောင်း သို့သော် ကြောက်ရွံ.စိုးရိမ်သဖြင့် ဆရာမတို့ရှိရာအိမ်သို့ မသွားခဲ့ကြကြောင်း၊ မနက်မိုးလင်းမှသွားရောက်သည်တွင် ၀မ်းနည်းစရာ အခြေအနေအားတွေ့ရှိခဲ့ကြောင်း လည်း ထိုထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
သေဆုံးသွားသော အသက် ၂၀ နှင့် ၂၁ အရွယ်ရှိ မရန်လုလာ နှင့် တန်ဘောင် ခေါန်နန်ဆင်တို့နှစ်ဦးသည် မြန်မာပြည်မြောက်ပိုင်း ကချင်လူထုကြားတွင် လှုပ်ရှားမှုအကောင်းဆုံးအဖွဲ့အစည်းဖြစ်သည့် ကချင်နှစ်ခြင်းအသင်းတော် (KBC) အား ကိုယ်စားပြုကာ ကောင်းခါးကျေးရွာတွင် ကလေးသူငယ်များအား စေတနာ့ဝန်ထမ်း စာသင်ကြားနေသူများဖြစ်သည်။
ဆရာမနှစ်ဦး၏ ရုပ်အလောင်းများအား မူဆယ်ဆေးရုံတွင်ဆရာဝန်များက ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးရာ၌ သေဆုံးသူနှစ်ဦး၏ ကိုယ်ပေါ်တွင် အမျိုးသား သုတ်သွေးတွေ့ရှိခဲ့သည်ဟု သည်ဟု အတည်မပြုနိုင်သော သတင်းများကဆိုသည်။ သို့ရာတွင် အစိုးရ တာဝန်ရှိသူများက ယခုကိစ္စနှင့်စပ်လျဉ်း၍ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
၎င်းတို့၏ ရုပ်အလောင်းများအားလားရှိုးမှ မြစ်ကြီးနားမြို. သို့ ယနေ့တွင် သယ်ဆောင်ကာ မြုပ်နှံသဂြိုဟ်မည်ဖြစ်ကြောင်း KBC အဖွဲ.၏ သင်းအုပ်ဆရတစ်ဦးဖြစ်သူ ဦးနော်ဆမ်ထော်ကဆိုသည်။ရုပ်အလောင်းများအား မူဆယ်မှ လားရှိုးမြို.သို့ ဇန်န၀ါရီလ ၂၁ နေ့လည်တွင် သယ်ဆောင်လာရာ၊ လမ်းတစ်လျှောက်ရှိ နမ့်ဖက်ကာမြို.၊ ကွက်ခိုင်မြို.နှင့် လားရှိုးမြို.ရှိ ဒေသခံများစွာတို့က လမ်းမပေါ်သို့ထွက်၍ အမှုမှန်ပေါ်ပေါက်ရေး နှင့် “မုဒိမ်းကောင်များ တိုင်းရင်းသားဒေသများမှ ထွက်ခွာသွား၊တိုင်းရင်းသား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ပေး” စသည့် ကြွေးကြော်သံများဟစ်ကြွေးကာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြသကဲ့သို့ ဘုရားသခင်အားတိုင်တည်ကာ ငိုကြွေးဆုတောင်းခဲ့ကြသည်။
“ဆရာမနှစ်ဦးရဲ့ ရုပ်အလောင်း ဖြတ်သွားတဲ့ အခါလမ်းမှာ လူတွေက ငြိမ်သက်ဆုတောင်းကြတယ်။ စစ်သားတွေကို ကျွန်တော်တို့ ဒေသကနေထွက်သွားဖို့ လည်းကြွေးကြော်ကြတယ်” ဟုဦးနော်ဆမ်ထော်က ပြောသည်။
_____________________________
Ref >>> http://ygnglobe.com/mm/content/slideshow/483…



ကချင်ဆရာမနှစ်ဦးသေဆုံးမှု အရပ်သား ၁၀ ဦး၊ စစ်သား ၃၀ ကို ရဲကစစ်ဆေး
(ဓာတ်ပုံ-သေဆုံးသူ ကချင်ကျောင်းဆရာမနှစ်ဦး၏ ရုပ်ကလပ်အား မူဆယ်၊ လားရှို.မြို.များမှ မြစ်ကြီးနားမြို.သို့ကားဖြင့်သယ်ဆောင်လာရာ မန္တလေး၌ တစ်ထောက်နားစဉ်တွေ့ရစဉ်။) ဇန်န၀ါရီ ၁၉ ရက်နေ့က မူဆယ်မြို့အနီးရှိ ကြူကုတ်၊ ကောင်းခါးရွာရှိ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း သေဆုံးလျက် တွေ့ရှိရသော ကချင်အမျိုးသမီးနှစ်ဦး၏ အမှုအား အထူးစုံစမ်းမှုပြုလုပ်နေရာ ထိုဒေသရောက် တပ်မတော်သားအယောက် ၃၀ ကို စစ်ဆေးမေးမြန်းပြီး၊ ၎င်းတို့၏ ဆံပင်နမူနာများကိုလည်း ယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယခုအမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID) နှင့်