Monday, December 12, 2016

ရန်ကုန်တိုင်းတွင် ၁၁ လအတွင်း မုဒိမ်းမှု ၂၀၀ ကျော် ဖြစ်ပွားပြီး ယခင်နှစ်ကထက် နှစ်ဆပိုများ 4-12-2016

ရန်ကုန်တိုင်းတွင် ၁၁ လအတွင်း မုဒိမ်းမှု ၂၀၀ ကျော် ဖြစ်ပွားပြီး ယခင်နှစ်ကထက် နှစ်ဆပိုများ

 ရန်ကုန်တိုင်းတွင် ယခု နှစ် ၁၁ လအတွင်း လူသတ်မှု ၁၆၃ မှုဖြစ်ပွားပြီး ယခင်နှစ်ထက် မုဒိမ်းမှု နှစ်ဆကျော်ဖြစ်ပွားကာ တရားခံမမိသေးသည့် လူသတ်မှု များ  ကျန်ရှိနေသေးကြောင်း သ တင်းရရှိသည်။
မုဒိမ်းမှုများ ဖြစ်ပွားမှုတွင် ၂၀၁၅ အတွင်း ၁၀၁ မှု၊ ၂၀၁၆ ၁၁ လအတွင်း ၂၁၂ မှုဖြစ်ပွားခဲ့ကာ ယခင်နှစ်ကထက် နှစ်ဆ ပိုမိုများပြားခဲ့၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိမှုများကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘ပြစ်မှုတွေ များလာတာကို ကြည့်ရင် တိုင်းပြည်စီးပွားရေးနဲ့ လည်းဆိုင်တယ်။ စီးပွားရေးအ ဆင်မပြေလာရင် လုမယ်၊ ခိုးမယ် ဒါတွေများလာမယ်။ အခုနောက် ပိုင်းဆို နေ့လယ်နေခင်းတောင် အိမ်ပေါ် တက်လုတယ်။ မြို့လယ် ကောင်မှာလည်းလုတာပဲ။ ဒါတွေ ကို သက်ဆိုင်ရာကသူတွေ သေ ချာအဖြေထုတ်ပြီး ရှင်းလင်းရမယ့် အချိန်တန်ပြီ’’ဟု ပြည်တွင်းခရီး သွား လုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ထွန်းကပြောသည်။
တရားခံမမိသေးသည့် လူ သတ်မှုများတွင် မင်္ဂလာဒုံမြို့နယ် အတွင်း အငှားယာဉ်မောင်းတစ် ဦး အသတ်ခံရမှုနှင့် ရဲဝန်ထမ်း ဟောင်း မိသားစုလေးဦး အသတ် ခံရမှုသည် မြို့နယ်တစ်ခုတည်း၌ တရားခံမပေါ်သေးသည့် အမှုများ ဖြစ်သည်။
‘‘အမှုကြီးတချို့အတွက် နေ့ တိုင်းရရှိတဲ့သတင်းတွေကို တင်ပြရတာတွေရှိတယ်။ မပေါ်တဲ့ အမှုစာရင်းကို ကြည့်မယ်ဆိုရင် ၂၀၁၅ ထက်များပါတယ်။ မနှစ် က မဖော်နိုင်တာတစ်မှုတည်း ရှိ ပေမယ့် ဒီနှစ်တော့များတယ်။ တ ချို့အမှုတွေကို စီအိုင်ဒီက လိုက် နေပြီး တချို့ကိုလည်း သက်ဆိုင် ရာ ရဲစခန်းတွေက စုံစမ်းနေပါ တယ်’’ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက ပြောကြား သည်။
လူသတ်မှုဖြစ်ပွားပြီး တရား ခံမမိသေးသည့် အမှုများမှာ ဒေါပုံ မြို့နယ် မြောင်းစပ်တွင် ဦးခေါင်း ဖြတ်အသတ်ခံရသည့် မိန်းကလေးငယ်အမှု၊ သုံးခွမြို့နယ် ချောင်းဘေး၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု၊ မှော်ဘီမြောင်းတကာ စက်မှုဇုန်နေအိမ်တွင် အမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့်အမှု၊ အဖျောက်မြို့ရှိ လူမနေသည့် ခြံအတွင်း အမျိုးသမီးတစ်ဦး ရေအိုင်စပ်တွင် မှောက်လျက်သေဆုံးနေသည့် အမှုနှင့် ဗဟန်းမြို့နယ် နေအိမ်တိုက်ခန်းအတွင်း ကြိုးတုပ်အသတ်ခံရသည့် အမျိုးသားအမှုတို့မှာ တရားခံမမိသေးကြောင်း သိရ သည်။

http://www.7daydaily.com/story/82535

No comments:

Post a Comment