Saturday, October 1, 2016

ကချင်ဆရာမနှစ်ဦးအတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲကျင်းပ.


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ကချင်ကျောင်းဆရာမနှစ်ဦး အတွက် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၌ ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက် ၁၁ နာရီခန့်က ကျင်းပသည်ကို တွေ့မြင်ရစဉ်။
(ဓာတ်ပုံ - အောင်နိုင်)


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ကချင်ကျောင်းဆရာမနှစ်ဦး အတွက် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၌ ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက် ၁၁ နာရီခန့်က ကျင်းပသည်ကို တွေ့မြင်ရစဉ်။
(ဓာတ်ပုံ - အောင်နိုင်)



ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရခြင်းကို သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန် အမျိုးသမီးအဖွဲ့များ ကတောင်းဆို
ရန်ကုန်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် နမ့်တောင်ကျေးရွာ အုပ်စုကောင်း ခါးကျေးရွာတွင် အသတ်ခံရ ၍သေဆုံး ခဲ့ ရသည့် ကချင်တိုင်းရင်း သူကျောင်းဆရာမနှစ်ဦးနှင့် ပတ်သက် ၍ကျောက် တံတား မြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံဝင်းထဲ ရှိကျောက်တိုင်ရှေ့တွင် အမျိုးသမီး အဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေး သီး ခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပေး ရန် ဇန်နဝါရီ ၂၃ရက်တွင် ဆုတောင်းပွဲ ပြုလုပ်တောင်း ဆိုလိုက်သည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/…/i…/37680-2015-01-24-10-26-56





ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရခြင်းအတွက် မန္တလေးတွင် ဆုတောင်းပွဲပြုလုပ်။
ဇန်န၀ါရီ ၂၆ ။
မူဆယ်နယ်ဘက်တွင်အသတ်ခံရ၍ သေဆုံးခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ဇန်န၀ါရီ ၂၆-ရက်၊ညနေ ၅-နာရီကျော်ကမန္တလေးမြို့၊၂၆-လမ်း၊၇၄×၇၅ လမ်း၊မက်သဒစ်ခရစ်ယာန်ဘုရားေ ကျာင်းတွင် ပြုလုပ်ခဲ့ရာ ၀တ်ပြုဆုတောင်းသူ၃၀၀-ကျော်တက်ရောက်ဆုတောင်း ခဲ့သည်။
အဆိုပါ ဆရာမလုရာ(၂၀-နှစ်)နှင့် ဆရာမ ခေါင်န်နန်စင်(၂၁)နှစ်တို့သည် ဇန်န၀ါရီ၁၉ရက်နေ့၊ညသန်းခေါင်ခန့်က အသတ်ခံရခြင်း ဖြစ်သည်။
“သမီးတို့တွေ ခုလိုမငြိမ်းချမ်းတဲ့ နေရာတွေမှာ စေတနာဝန်ထမ်းအဖြစ် သွားေ ရာက်သင်ကြားပေနေကြ တာ ရှိတယ်။လူတစ်ထောင်ပညာတတ်ဖို့ အတွက် တစ်ယောက်က သွားသင်ပေးရတာ။ မကြားဘူး မငြိမ်းချမ်းသေး တဲ့နေရာတွေမှ ပညာသင်ပေးရတဲ့ ဆရာမတွေ လုံခြုံမှုမရှိတော့ဘူး။”ဟု လာရောက်ဝတ်ပြုဆုေ တာင်းရန်ရောက်လာသည့် အမျိုးသမီး စိုင်းခေါင်က ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံ လွှဲချနေခြင်း ထက်အဖြစ်မှန် ပေါ်ပေါက် အောင် ဖေါ်ထုတ်ရန်လိုအပ်ပြီး၊ ငြိမ်းချမ်းရေးကို ရှေ့တိုး/နောက်ဆုတ်အခြေအနေ ဖြစ်သွားနိုင်ကြောင်း၊မငြိမ်းချမ်းသေးသည့် ဒေသများတွင် ပြည်သူများ မြေဇာပင်မဖြစ်အောင်နှစ်ဖက်လုံးမှသတိထားသင့်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။





ကချင်ဆရာမနှစ်ဦး သေဆုံးမှု ခမရ ၅၀၃ နှင့်ဆက်စပ်နိုင်ဟု KBC ကြေငြာ
======================================
The Yangon Globe
News And Media
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းဝင်းအတွင်းရှိနေအိမ်တွင် မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရသည်ဟု ယူဆရသော ကချင်ကျောင်းဆရာမနှစ်ဦး၏အမှုတွင် အစိုးရတပ် ခမရ (၅၀၃) အားသင်္ကာမကင်းဖြစ်ကြောင်း ကချင်နှစ်ခြင်းအသင်းတော် (KBC) က ယမန်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
ဆရာမနှစ်ဦးမှာ ဇန်န၀ါရီ ၁၉ ရက်နေ့ မနက် ၁ နာရီခန့်တွင် မုဒိမ်းကျင့်၊ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားရာ ကောင်းခါးကျေးရွာအနီးတွင် အစိုးရတပ် ခမရ (၅၀၃) မှလွဲ၍ အခြားမည်သည့် လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်ဂိုဏ်းများလည်းမရှိကြောင်း KBC ကဆိုသည်။
အခင်းဖြစ်ပွားရာအချိန်တွင် ဆရာမနှစ်ဦး၏ အော်ဟစ်သံကို ရွာသူရွာသားများက ကြားခဲ့ရကြောင်း သို့သော် ကြောက်ရွံ.စိုးရိမ်သဖြင့် ဆရာမတို့ရှိရာအိမ်သို့ မသွားခဲ့ကြကြောင်း၊ မနက်မိုးလင်းမှသွားရောက်သည်တွင် ၀မ်းနည်းစရာ အခြေအနေအားတွေ့ရှိခဲ့ကြောင်း လည်း ထိုထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
သေဆုံးသွားသော အသက် ၂၀ နှင့် ၂၁ အရွယ်ရှိ မရန်လုလာ နှင့် တန်ဘောင် ခေါန်နန်ဆင်တို့နှစ်ဦးသည် မြန်မာပြည်မြောက်ပိုင်း ကချင်လူထုကြားတွင် လှုပ်ရှားမှုအကောင်းဆုံးအဖွဲ့အစည်းဖြစ်သည့် ကချင်နှစ်ခြင်းအသင်းတော် (KBC) အား ကိုယ်စားပြုကာ ကောင်းခါးကျေးရွာတွင် ကလေးသူငယ်များအား စေတနာ့ဝန်ထမ်း စာသင်ကြားနေသူများဖြစ်သည်။
ဆရာမနှစ်ဦး၏ ရုပ်အလောင်းများအား မူဆယ်ဆေးရုံတွင်ဆရာဝန်များက ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးရာ၌ သေဆုံးသူနှစ်ဦး၏ ကိုယ်ပေါ်တွင် အမျိုးသား သုတ်သွေးတွေ့ရှိခဲ့သည်ဟု သည်ဟု အတည်မပြုနိုင်သော သတင်းများကဆိုသည်။ သို့ရာတွင် အစိုးရ တာဝန်ရှိသူများက ယခုကိစ္စနှင့်စပ်လျဉ်း၍ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
၎င်းတို့၏ ရုပ်အလောင်းများအားလားရှိုးမှ မြစ်ကြီးနားမြို. သို့ ယနေ့တွင် သယ်ဆောင်ကာ မြုပ်နှံသဂြိုဟ်မည်ဖြစ်ကြောင်း KBC အဖွဲ.၏ သင်းအုပ်ဆရတစ်ဦးဖြစ်သူ ဦးနော်ဆမ်ထော်ကဆိုသည်။ရုပ်အလောင်းများအား မူဆယ်မှ လားရှိုးမြို.သို့ ဇန်န၀ါရီလ ၂၁ နေ့လည်တွင် သယ်ဆောင်လာရာ၊ လမ်းတစ်လျှောက်ရှိ နမ့်ဖက်ကာမြို.၊ ကွက်ခိုင်မြို.နှင့် လားရှိုးမြို.ရှိ ဒေသခံများစွာတို့က လမ်းမပေါ်သို့ထွက်၍ အမှုမှန်ပေါ်ပေါက်ရေး နှင့် “မုဒိမ်းကောင်များ တိုင်းရင်းသားဒေသများမှ ထွက်ခွာသွား၊တိုင်းရင်းသား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ပေး” စသည့် ကြွေးကြော်သံများဟစ်ကြွေးကာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြသကဲ့သို့ ဘုရားသခင်အားတိုင်တည်ကာ ငိုကြွေးဆုတောင်းခဲ့ကြသည်။
“ဆရာမနှစ်ဦးရဲ့ ရုပ်အလောင်း ဖြတ်သွားတဲ့ အခါလမ်းမှာ လူတွေက ငြိမ်သက်ဆုတောင်းကြတယ်။ စစ်သားတွေကို ကျွန်တော်တို့ ဒေသကနေထွက်သွားဖို့ လည်းကြွေးကြော်ကြတယ်” ဟုဦးနော်ဆမ်ထော်က ပြောသည်။
_____________________________
Ref >>> http://ygnglobe.com/mm/content/slideshow/483…



ကချင်ဆရာမနှစ်ဦးသေဆုံးမှု အရပ်သား ၁၀ ဦး၊ စစ်သား ၃၀ ကို ရဲကစစ်ဆေး
(ဓာတ်ပုံ-သေဆုံးသူ ကချင်ကျောင်းဆရာမနှစ်ဦး၏ ရုပ်ကလပ်အား မူဆယ်၊ လားရှို.မြို.များမှ မြစ်ကြီးနားမြို.သို့ကားဖြင့်သယ်ဆောင်လာရာ မန္တလေး၌ တစ်ထောက်နားစဉ်တွေ့ရစဉ်။) ဇန်န၀ါရီ ၁၉ ရက်နေ့က မူဆယ်မြို့အနီးရှိ ကြူကုတ်၊ ကောင်းခါးရွာရှိ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း သေဆုံးလျက် တွေ့ရှိရသော ကချင်အမျိုးသမီးနှစ်ဦး၏ အမှုအား အထူးစုံစမ်းမှုပြုလုပ်နေရာ ထိုဒေသရောက် တပ်မတော်သားအယောက် ၃၀ ကို စစ်ဆေးမေးမြန်းပြီး၊ ၎င်းတို့၏ ဆံပင်နမူနာများကိုလည်း ယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယခုအမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID) နှင့်

No comments:

Post a Comment