Monday, December 12, 2016

တိုက်ကြီးမြို့ နယ်မှာ ပထွေးဖြစ်သူကရှစ်နှစ်အရွယ်မယားပါသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား



ဖေ အောင်Follow
တိုက်ကြီးမြို့ နယ်မှာ ပထွေးဖြစ်သူကရှစ်နှစ်အရွယ်မယားပါသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား
==============================
==============================
တိုက်ကြီးမြို့နယ် သနပ်ချောင်းအုပ်စု စာဖြူစုကျေးရွာ မှာပထွေးဖြစ်သူက အသက်ရှစ်နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်မှု့ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ညနေ ငါးနာရီခန့်မှာ မိခင်ဖြစ်သူမဌေးမြင့်က သနပ်ချောင်းဘူတာမှာ ဈေးရောင်းနေတဲ့အချိန် အသက်ရှစ်နှစ်အရွယ်သမီးငယ်က ငိုယိုပြီးပြေးလာတာကိုမေးမြန်းရင်းသိရှိခဲ့ရတာဖြစ်ပါတယ်။
မိခင်ဖြစ်သူကမေးမြန်းရာ ကလေးငယ်ဟာ သည်တစ်ကြိမ်ထဲသာပြုကျင့်ခံရတာမဟုတ်ဘဲ အရင်ရက်ပိုင်းတွေမှာလည်း ပြုကျင့်ခဲ့တာတွေလည်းရှိတယ်လို့ သနပ်ချောင်းအုပ်စု မှအုပ်ချုပ်ရေးမှူးဦး
မင်းလွင်ကပြောပါတယ်။
အဲသည်ကိစ္စနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ကျူးလွန်သူ အသက် ၃၆ နှစ်အရွယ်ရှိ ဦးစိုးမင်းလတ်ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။
===============
Author /ဝင်းနန္ဒာ
Kumudra

https://www.facebook.com/groups/1710778119136511/

No comments:

Post a Comment