■ ပြည်သူလူထု၏ တင်ပြချက်များကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်ပါပြီ ■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံတော်သမ္မတရုံးသို့ အွန်လိုင်းမှ တင်ပြစာ တင်ပြလိုလျှင်
လုပ်ဆောင်ရန် အဆင့်များ (ဖုန်းဖြင့် SMS Verification လုပ်ရန် လိုအပ်ပါသည်)
လုပ်ဆောင်ရန် အဆင့်များ (ဖုန်းဖြင့် SMS Verification လုပ်ရန် လိုအပ်ပါသည်)
ပေးပို့ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အဆင့် (၁) www.president-office.gov.mm ကို ဖွင့်လိုက်ပါ။
(မိုဘိုင်းဖုန်းဖြင့် ဖြစ်စေ၊ အခြားကွန်ပျူတာဖြင့် ဖြစ်စေ ဖွင့်လှစ်ရန်)
အဆင့် (၂) နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံအမှတ်အသား) ကို နှိပ်လိုက်ပါ။
အဆင့် (၃) ပေးစာကဏ္ဍအတွက် ဖြည့်သွင်းရမည့် အချက်အလက်များ ဖြည့်သွင်းရန် Box ပေါ်လာပါမည်။
အမည်၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ်၊ စာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ၊ စာတွဲ (တွဲရန်ရှိလျှင်) စသည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပါ။
(ဖုန်းနံပါတ် နေရာတွင် သင့်ဖုန်းထံသို့ SMS ပေးပို့မည်ဖြစ်ပါသဖြင့် သင် လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းကိုသာ ဖြည့်စွက်ရန်နှင့် MPT နှင့် Telonor တို့အသုံးပြုပါက ၀၉ မှစဖြည့်ရန်နှင့် Ooredoo အသုံးပြုပါက ၉ မှ စဖြည့်ရန်။)
အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မည်။ အထူးသဖြင့် မိုဘိုင်းဖုန်းနံပတ် မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။
ယင်းနေရာတွင် ဖြည့်သွင်းသော မိုဘိုင်းဖုန်းသို့ SMS Code ပေးပို့မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ နောက်တစ်ဆင့်တွင် အဆိုပါ ပေးပို့လာသော Code နံပါတ် ဖြည့်သွင်းရမည် ဖြစ်ပါသည်။
အဆင့် (၄) သင့်မိုဘိုင်းဖုန်းသို့ Verification Code နံပါတ်ပါသော SMS ၀င်လာမည်။
(မိုဘိုင်းဖုန်းနံပတ် မှားယွင်း ဖြည့်သွင်းထားပါက ပေးပို့သော SMS Code ရရှိမည် မဟုတ်ပါ)
အဆင့် (၅) သင့်မိုဘိုင်းဖုန်းတွင် ဝင်ရောက်လာသော ကုဒ်နံပါတ် ကို ဖြည့်စွက်၍ ပြန်လည်ပေးပို့ပါ။
အဆင့် (၆) လုပ်ဆောင်ချက်များ အားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်များ ပြီးစီးသွားပါပြီ။ နိုင်ငံတော်သမ္မတရုံးက ဆက်လက်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
ပြည်သူလူထု၏ တင်ပြချက်များကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်ပါပြီ။
နိုင်ငံတော်သမ္မတထံသို့
လူ့အခွင့်ရေး နိုင်ငံသားအခွင့်ရေး ဌာနဆိုင်ရာအဂတိများကို မိမိမှတ်ပုံတင်နဲ့ သမ္မတရုံး ဝက်ဆိုဒ်မှာ တင်ပြလို့ရပြီတဲ့။ တိုင်သူအချက်လက်တွေ လျို့ဝှက်ထားပြီး အရေးယူမှုရလဒ် အခြေအနေကို ဝက်ဆိုဒ်မှာပဲ ဖေါ်ပြမဲ့ သတင်း
.
မြန်မာတွေ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့နည်းလမ်းကတော့ အဂတိနည်းပါးရေး သာဖြစ်ပါတယ်။
Facebook Link
https://goo.gl/sga04n
လူ့အခွင့်ရေး နိုင်ငံသားအခွင့်ရေး ဌာနဆိုင်ရာအဂတိများကို မိမိမှတ်ပုံတင်နဲ့ သမ္မတရုံး ဝက်ဆိုဒ်မှာ တင်ပြလို့ရပြီတဲ့။ တိုင်သူအချက်လက်တွေ လျို့ဝှက်ထားပြီး အရေးယူမှုရလဒ် အခြေအနေကို ဝက်ဆိုဒ်မှာပဲ ဖေါ်ပြမဲ့ သတင်း
.
မြန်မာတွေ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့နည်းလမ်းကတော့ အဂတိနည်းပါးရေး သာဖြစ်ပါတယ်။
Facebook Link
https://goo.gl/sga04n
No comments:
Post a Comment