မြန်မာပြည်မှာ ကလေးအလုပ်သမား ဘယ်လောက်ရှိသလဲ
- မြို့တိုင်းမှာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်တွေရှိတယ် အဲဒီမှာ ကလေးအလုပ်သမား မုချရှိပါတယ်။
- အိမ်ဖော်မိန်းကလေးတွေကိုလည်းထည့်သွင်းတွက်ချက်ရပါမယ်။
- ကလေးအလုပ်သမားမှာ အမြဲတန်း အလုပ်လုပ်နေရတဲ့ ကလေးအလုပ်သမားနဲ့ ကျောင်း ပိတ်ချိန်မှာ နောက်တနှစ် ကျောင်းဆက်တက်နိုင်ဖို့ ဝင်ငွေရှာရတဲ့ ယာယီကလေးအလုပ်သမား ဆိုပြီး ၂ မျိုးရှိပါလိမ့်မယ်။ အမြဲတန်းကလေးအလုပ်သမားကတော့ ကျောင်းမတက်နိုင်ဘဲ၊ မိဘနဲ့အတူ ဒိုးတူဘောင်ဘက် ဝင်ငွေရှာနေရသူဖြစ်ပါတယ်။
- ကလေးအလုပ်သမားရှိနေတဲ့အချက်က အုပ်စိုးသူအစိုးရရဲ့စီမံမှုညံ့ဖျင်းတာနဲ့ တိုင်းပြည်ဆင်းရဲမွဲတေမှုကို ဖုံးကွယ်လို့ မရအောင်သက်သေခံနေတဲ့အချက်လည်းဖြစ်ပါတယ်။
- ကျနော်တို့ အနာဂတ်၊ ကျနော်တို့ မိုးကောင်းကင်နဲ့တူတဲ့ကလေးငယ်တွေနဲ့ သူတို့မိဘတွေကို ဆင်းရဲတွင်းနွံအိုင်ထဲက ဘယ်လို ရုန်းထွက်လွတ်မြောက်စေအောင်လုပ်ကြမလဲ။
- စစ်တပိုင်းအစိုးရနဲ့ ထိပ်သီးတစ်စုကတော့ ကျိကျိတက်ချမ်းသာနေပြီး သူတို့သားသမီးတွေကို ညွန့်ပေ့ကောင်းပေ့ဆိုတဲ့ ပြည်တွင်းပြည်ပ ကျောင်းတွေမှာ ထားနိုင်ကြပါတယ်။ ထားကြပါတယ်။
- စစ်တပိုင်းအစိုးရက ပညာရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုဆန္ဒပြတဲ့ ၊ သပိမှောက် တဲ့ကျောင်း သား လူငယ်နဲ့ ဝန်းရံထောက်ခံသူ ပြည်သူများကို အကြမ်းဖက်ဖမ်းဆီးတယ်၊ ထောင်ချပါတယ်။
ရိုသေစွာဖြင့်
မောင်ကျော်မော်
၆ - ဧပြီ - ၂၀၁၅
- မြို့တိုင်းမှာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်တွေရှိတယ် အဲဒီမှာ ကလေးအလုပ်သမား မုချရှိပါတယ်။
- အိမ်ဖော်မိန်းကလေးတွေကိုလည်
- ကလေးအလုပ်သမားမှာ အမြဲတန်း အလုပ်လုပ်နေရတဲ့ ကလေးအလုပ်သမားနဲ့ ကျောင်း ပိတ်ချိန်မှာ နောက်တနှစ် ကျောင်းဆက်တက်နိုင်ဖို့ ဝင်ငွေရှာရတဲ့ ယာယီကလေးအလုပ်သမား ဆိုပြီး ၂ မျိုးရှိပါလိမ့်မယ်။ အမြဲတန်းကလေးအလုပ်သမားကတော့
- ကလေးအလုပ်သမားရှိနေတဲ့အချက်
- ကျနော်တို့ အနာဂတ်၊ ကျနော်တို့ မိုးကောင်းကင်နဲ့တူတဲ့ကလေးင
- စစ်တပိုင်းအစိုးရနဲ့ ထိပ်သီးတစ်စုကတော့ ကျိကျိတက်ချမ်းသာနေပြီး သူတို့သားသမီးတွေကို ညွန့်ပေ့ကောင်းပေ့ဆိုတဲ့ ပြည်တွင်းပြည်ပ ကျောင်းတွေမှာ ထားနိုင်ကြပါတယ်။ ထားကြပါတယ်။
- စစ်တပိုင်းအစိုးရက ပညာရေးပြုပြင်ပြောင်းလဲဖို့
ရိုသေစွာဖြင့်
မောင်ကျော်မော်
၆ - ဧပြီ - ၂၀၁၅
မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁.၃ သန်းကျော် ရှိနေ
=====================
သြဂုတ် ၃၀၊ ၂၀၁၆
M-Media
=====================
သြဂုတ် ၃၀၊ ၂၀၁၆
M-Media
- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁.၃ သန်း ရှိနေသည်ဟု သိရသည်။
စစ်တမ်းကောက်ယူမှု မှတ်တမ်းများကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ကလေးဦးရေမှ ၁၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာလုပ်ငန်းကဲ့သို့ မိသားစုစီးပွားရေး လုပ်ငန်းများတွင် အခကြေးငွေမရဘဲ အလုပ်လုပ်ရခြင်းပါအ၀င် နိုင်ငံတစ်ဝှမ်း တရားဝင်နှင့် တရားမ၀င် ကဏ္ဍများတွင် အလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။
အရွယ်မရောက်သေးသော ယောက်ျားလေးများ အလုပ်လုပ်ရမှု အရေအတွက်မှာ ၆၇၆၂၀၈ ဦး ရှိနေပြီး အရွယ်မရော က်သည့် မိန်းကလေးငယ်များ အလုပ်လုပ်ရသည့် အရေအတွက်မှာမူ ၆၀၂၇၀၁ ဦး ရှိနေသည်။ ထိုကဲ့သို့ အလုပ်လုပ်ရသည့် ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များ ဖြစ်သည်။
Read more : http://www.m-mediagroup.com/news/59488
အသက်မပြည့်သေးတဲ့ ကလေးတွေကို အိမ်အကူခိုင်းလိုက်၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို အလုပ်လုပ်ခိုင်းနေရတဲ့ နိုင်ငံရဲ့ လက်ရှိအနေအထားကို သေသေချာချာ စဉ်းစားမိမယ်ဆိုရင်တော့။
-
အခု ဗမာပြည်မှာ လာရောက် ရင်းနှီးမြှပ်နှံထားတဲ့ ဆွီဒင်နိုင်ငံ H&M အထည်ချုပ် စက်ရုံကြီး ဖြေရှင်းနေရတဲ့ ကလေးအလုပ်သမား ကိစ္စတွေကို သေသေချာချာ သိမယ်ဆိုရင်၊ ထိုင်းနိုင်ငံက စက်ရုံတွေ အလုပ်သမားအပြည့်အ၀ မပေးလို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂကို တင်ပို့နေတဲ့ အစားအသောက်တွေ ပိတ်ပင်ခံရတာတွေကို သေသေချာချာ သိမယ်ဆိုရင်
-
အမေရိကန် ဆန်ရှင် ရုပ်သိမ်းတာတွေ၊ ဥရောပသမဂ္ဂက အခွင့်အရေးပေးတာတွေဟာ အစိုးရသစ်အတွက်တော့ အထူးသဖြင့် လူ့အခွင့်အရေးကော်မရှင်တွေ၊ အလုပ်သမားဝန်ကြီးဌာနတွေဟာ အလိုလိုနေရင်း လည်ပင်း ကြိုးကွင်းစွပ် ခံရသလို၊ အလုပ်ရှင်တွေလည်း နာမည်ပျက် စာရင်းအသွင်းခံရပြီး တသက်လုံး လုပ်စားလို့ မရအောင် ဖြစ်လာမဲ့ အခြေအနေတွေပါပဲ။
-
နောက်တချက်က တရုတ်လို ဥရောပနဲ့ အမေရိကကို ပိုတော့ အရည်အသွေးတမျိုး၊ ဆင်းရဲတဲ့ နိုင်ငံတွေကို ပို့တော့ အရည်အသွေးတမျိုးလုပ်ရင် နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီကြီးတွေပဲ အဆင်ပြေမဲ့ အခြေအနေမျိုးနဲ့ ထပ်ပြီး ရင်ဆိုင်ရရင်၊ နည်းပညာမရှိ၊ ငွေကြေးအင်အား မယှဉ်ပြိုင်နိုင်တဲ့ အခုမှ စပြီး တည်ထောင်ရမဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေဟာ နလံထူမှာ မဟုတ်ပါဘူး။
-
အစိုးရသစ်အနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဘယ်လို အထူးအခွင့်အရေးပေးမလည်းဆိုတဲ့ ကိစ္စဟာလည်း တော်တော်အရေးကြီးသလို ဘယ်လို ယှဉ်ပြိုင်ခွင့်တွေ ပေးမလည်းဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။
-
ကျိန်းသေတာကတော့ လူသားရင်းမြစ် ကိစ္စပါ။ ကျွမ်းကျင်တဲ့ လုပ်သားတွေ မရှိ။ လူမျိုးရေးခွဲခြားမှု့တွေ ပြည့်ဝနေတဲ့၊ အလုပ်သမားဥပဒေတွေ တိတိကျကျ မရှိတဲ့ နိုင်ငံတခုမှာ ဂုဏ်သိက္ခာကို လေးစားတဲ့ ကမ္ဘာမှာ နာမည်ရနေတဲ့ ကုမ္ပဏီတွေကတော့ အချိန်ကာလတခုကို စောင့်ကြည့်ပြီးမှ ၀င်လာမှာ ဖြစ်ပါတယ်။
-
အစိုးရသစ်အနေနဲ့ ကိုယ့်ကိစ္စ ကိုယ်ရှင်းရတော့မဲ့ အခြေအနေကို ကျနော်တို့ ဘယ်လို ၀န်းရံကြမလည်း၊ ဘယ်လို စောင့်ကြည့် ကူညီကြမလဲ။ ဘယ်လို အကြံတွေ ပေးကြမလဲဆိုတာတော့ ဗမာနိုင်ငံသား အားလုံး NLD ကို မဲပေးခဲ့တဲ့ လက်သန်းကလေးတွေ အားလုံးရဲ့ တာဝန်ဖြစ်ပါကြောင်း လေးလေးနက်နက် အကြံပြုလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးသူငယ် ၁ ဒသမ ၅ သန်းကျော်မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်လျက်ရှိ
အချို့မှာ မိသားစု စီးပွားရေး အခြေအနေအရ လုပ်ငန်းခွင်သို့ တွန်းပို့ခံရသည့်အပြင် အချို့မှာ အန္တရာယ်ရှိ လုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် အတင်းအဓမ္မ စေခိုင်းခံကြရကြောင်း၊ကလေးအလုပ်သမား စေခိုင်းမှုသည် လုပ်ငန်းခွင် အမျိုးမျိုးတွင် ဖြစ်နိုင်ပြီး အထူးသဖြင့် ကျေးလက်နှင့် တရားဝင် မဟုတ်သော စီးပွားရေး လုပ်ငန်းများတွင် တွေ့ရှိရကြောင်းနှင့် စီးပွားရေး တိုးတက်လာမှုနှင့်အတူ ပြည်တွင်း ပြည်ပ ကုန်သွယ်မှုများနှင့် ၀န်ဆောင်မှုများ တိုးတက် ထုတ်လုပ်လာခြင်း တို့သည် ကုန်ထုတ်လုပ်မှု အဆင့်ဆင့်ရှိ လုပ်ငန်းများအတွင်း ကလေး အလုပ်သမား ပြဿနာကို ကိုင်တွယ် ဖြေရှင်းရခြင်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးလာသည့် ကိစ္စရပ် တစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် -----> http://news-eleven.com/local/22746
မြန်မာကလေးလုပ်သား ခြောက်သိန်းကျော် အန္တရာယ်ရှိအလုပ်တွင်
လုပ်ကိုင်နေရ
လုပ်ကိုင်နေရ
မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁သန်းကျော် ရှိသည့်အနက်
ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်နေ့ကထုတ်ပြန်သည့် အစီရင်ခံစားတွင် ဖော်ပြသည်။
ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်နေ့ကထုတ်ပြန်သည့် အစီရင်ခံစားတွင် ဖော်ပြသည်။
No comments:
Post a Comment