Saturday, October 1, 2016

သက်ငယ်မုဒိမ်း ပြင်းထန်စွာ အပြစ်ပေးရန်။ လွှတ်တော်အထိ ဆွေးနွေးရန် လိုပြီ။ (အဆိုးဝါးဆုံးအမှုတခု)

သက်ငယ်မုဒိမ်း ပြင်းထန်စွာ အပြစ်ပေးရန်။ လွှတ်တော်အထိ ဆွေးနွေးရန် လိုပြီ။
လ်ာစားမှု အဂတိမှုတွေရဲ့ အကျိုးဆက်ကတော့ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးပြီး ငွေနောက်လိုက်သွားကြတဲ့ စာရိတ္တပျက်ပြားခြင်း ကြီးစွာ . .ခံရပါတယ်။
.
ရှေ့တန်းစစ်မြေပြင်မှာ အောက်ခြေအဆင့်က နှိပ်စက် လုယက် သတ်ဖြတ် မုဒိမ်း များဖြစ်တယ်။ အထက်အရာရှိများနဲ့ ခရိုနီများက မြို့ရွာတွေမှာ အာဏာ ငွေသုံးပြီး မူးးရစ် အိမ်ယာမြေတွေသိမ်း ပါမစ်လိုင်စင်များ တရားဥပဒေ အလွဲသုံးပြီး ဆင်းရဲချမ်းသာ အရမ်းကွာခြားလာတယ်။
.
အကောင်ကြီးတွေလဲ မဖမ်းနိုင်တော့ အကောင်လေးတွေ မိရင်လဲ အပြစ်ကြီးကြီး မချနိုင် ဖြစ်နေပါတယ်။
သက်ငယ်မုဒိမ်းမှု စစ်သား အရပ်သားတွေ လွတ်တယ်။ မလွတ်လဲ ထောင်အနည်းငယ်ပဲ ကျတယ်။ ရပ်ရွာတွေက မကျေနပ်ဖူး။ မြို့နယ်တရားရုံးက တရားသူကြီးလဲ ဘာမှမတတ်နိုင်တော့ ထောင်နည်းနည်းပဲချတယ်။ အမှု အများစုက ရော်ကြေးငွေနဲ့ ကြေအေးကြတယ်။
ဥပဒေအရ ရော်ကြေးမရပါ။ ပြင်းထန်စွာ အပြစ်ပေးဖို့ လွှတ်တော်အထိ အချိန်တန်ပါပြီ။
ဒီလူ (ကျောင်းဆရာ တဲ့ဗျာ) စစ်သား အရပ်သားတွေ ကျူးလွန်တာထက် ဒါက အလွန်ရှက်ဖွယ် စံပြအနေနဲ့ သေဒဏ်ပေးနိုင်မလား . . ကိုက်လတ်မြို့နယ် တရားသူကြီး ဘယ်သူလဲ။ တချို့ဆို ထောင်ဒဏ် အနည်းငယ်နဲ့ပြီးတယ် . . ဘယ်လိုလုပ်မလဲ။ 

Image
The Voice Sep.30, 2016 p27
https://goo.gl/ZhsGHt

No comments:

Post a Comment