မြိတ်အဆောင်ကောင်း ကုမ္ပဏီ၌ နိုင်ငံခြားသား တစ်ဦး သောင်းကျန်းနေဟုဆို
မြိတ် Sep 27
မြိတ်မြို့။အင်းလေးမြိုင်စက်မှုဇုံ အတွင်းရှိ ငါးပုစွန် ရေလုပ်ငန်းထုတ်လုပ်နေသော အဆောင်ကောင်း ကုမ္ပဏီ၌ ပညာရှင်အဖြစ်လာရောက် လုပ်ကိုင် နေသော နိုင်ငံခြားသား(15)ဦးခန့်ရှိရာ
လွန်ခဲ့သော လအနည်းငယ်ကမှ ရောက်ရှိ လာသော မစ္စတာလွန်းဆိုသူသည် ခွင့်ပြု ထားသော မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမား ဥပဒေများကို ချိုးဖောက်ကျော်လွန်၍ အောက်ခြေ အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ အော်ဟစ် ဆဲဆို ကြိမ်းမောင်း ခြင်းများ မကြာခဏ ပြုလုပ် နေကြောင်း အလုပ်သမား များက ပြောကြား သည်။

အဆိုပါပုဂ္ဂိုလ်သည် ပြီးခဲ့သောနေ့က အအေးခန်းထဲ ဝင်ရောက်၍ အလုပ်သမား
မိန်းကလေးတစ်ဦး၏ ပုစွန်ခွါနေသောဗန်းကို ဆွဲယူပစ်လွှင့်ကာ လက်ညှိးထိုး ကြိမ်းမောင်း သောကြောင့် အဆိုပါ အလုပ်သမားမှာ ငိုပြီး အိမ်ပြန်သွားခဲ့ရပြီး အလားတူ သန့်ရှင်းရေး လုပ်နေသော အမျိုးသမီးတဦး ကိုလည်း လုပ်ငန်းခွင် အတွင်းစကား ပြောသည်ဟု ဆိုကာ တံမြက်စည်းနှင့် အမှိုက်ခပ်အား ဆွဲယူ လွှင့်ပစ်လျှက် ဆဲဆို ကြိမ်းမောင်းကာ အိမ်ပြန် ခိုင်းခဲ့ကြောင်း ၄င်းတို့ကပြောကြား သည်။

အရင်လူတွေတုန်းကဆို အလုပ်သမားဖက်က ချွတ်ယွင်းချက်ရှိရင်ဌါနခေါင်းဆောင် ကိုပဲ ခေါ်ပြောတယ်။ ဒီမှာ leader ရှိတယ် မန်နေဂျာ ရှိတယ် ။ ခုသူက အဲလို မလုပ်ပဲနှင့် ဌါနအားလုံး ကိုဝင်ပြီး မွှေတယ်။ စည်းကမ်းမဲ့ လျောက်လုပ် နေတယ်။ အလုပ်သမားလေးတွေဆို သနားစရာ ပါ ။ သူဝင်လာရင်ကြောက်လွန်းလို့ အလုပ်ကို
ဖြောင့်အောင် မလုပ်နိုင်ကြတော့ဘူး။ အဲဒါအမှန် ပါပဲရှင်။ ဟု ၄င်းစက်ရုံမှ ဝန်ထမ်းတဦးက ပြောသည်။
ဖြောင့်အောင် မလုပ်နိုင်ကြတော့ဘူး။ အဲဒါအမှန် ပါပဲရှင်။ ဟု ၄င်းစက်ရုံမှ ဝန်ထမ်းတဦးက ပြောသည်။
အဆိုပါ မစ္စတာလွန်းဆိုသူသည်နိုင်ငံခြားသား ထဲ၌ စကားအပြောအဆို ဆက်ဆံရေး အရိုင်းဆုံး ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အရ မူမှန်ခြင်း
ရှိသည်ဟု ယူဆ၍ မရကြောင်း လုပ်သက်(15) နှစ်ရှိ ဝန်ထမ်းက မှတ်ချက်ပေးသည်။
ရှိသည်ဟု ယူဆ၍ မရကြောင်း လုပ်သက်(15) နှစ်ရှိ ဝန်ထမ်းက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု MIC ဥပဒေနှင့် ၁၉၄၇ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဌါန်းချက်များ) ဥပဒေအရ နိုင်ငံခြားသားဝန်ထမ်းများအား သက်ဆိုင်ရာပညာရှင် အဖြစ်သာ လာရောက် အလုပ်လုပ်ကိုင် ခွင့်ပြုထားပြီး မြန်မာနိုင်ငံသား များအား တိုက်ရိုက် အုပ်ချုပ်မှုများ ရှိလာပါက
တည်ဆဲ ဥပဒေအရ ထောင်ဒဏ် ငွေဒဏ်နှင့် ပြည်နှင်ဒဏ်များကို ချမှတ် ဆောင်ရွက် နိုင်ကြောင်း ဖော်ပြထားသည်။
တည်ဆဲ ဥပဒေအရ ထောင်ဒဏ် ငွေဒဏ်နှင့် ပြည်နှင်ဒဏ်များကို ချမှတ် ဆောင်ရွက် နိုင်ကြောင်း ဖော်ပြထားသည်။
ရဲရင့်
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
Myanmar Now ကိုဆွေဝင်းလို လူမျိုးတွေ ရပ်ကျေး မြို့နယ်တွေမှာ များစွာ လိုအပ်နေပါတယ်။
ဒါမျိုး လူ့အခွင့်ရေး ချိုးဖောက်မှုကို ယခင်အစိုရတွေမှာ တင်ခွင့်မရပါ။ တင်လဲ တရားဥပဒေ မစိုးမိုးပါ။
.
အခုတော့ သမ္မတရုံးအထိ ဖွင့်ပေးနေပါပြီ။ ကိုဆွေဝင်း ကဲ့သို့ စိတ်ကောင်းရှိ လုပ်တတ်ကိုင်တတ် 'တာဝန်ယူဝံ့သူ
.
အခုတော့ သမ္မတရုံးအထိ ဖွင့်ပေးနေပါပြီ။ ကိုဆွေဝင်း ကဲ့သို့ စိတ်ကောင်းရှိ လုပ်တတ်ကိုင်တတ် 'တာဝန်ယူဝံ့သူ
* ကိုယ်တိုင်သွား လေ့လာမေးမြန်းပါ။
* မြိုနယ်အုပ်ချုပ်မှုးကို စာနဲ့ အရေးယူဖို့ တင်ပြပါ။ မိတ္တူကို ဝန်ကြီးချုပ် လွှတ်တော်အမတ် စက်မှုဇုံ စသဖြင့် စာနဲ့ပို့ပါ။ အဲဒီ ကုမဏီ အကြီးဆုံးလူဆီလဲ ပို့ပါ။ ဝန်ထမ်းတွေတော့ အမည်ဝှက်ထားဖို့ပါ။ အလုပ်ဖြုတ်ခံရနိုင်လို့ပါ။
.
ရလဒ် . . အနည်းဆုံး ဒီလူ ငြိမ်သွားပါလိမ့်မယ်။ နောက်မလုပ်ဝံ့တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မေတ္တာသစ္စာနဲ့ မိမိဘဝကို တည်ဆောက်ဖို့ပါ။
.
ရွှင်လန်းကျန်းမာကြပါစေ။
.
ရလဒ် . . အနည်းဆုံး ဒီလူ ငြိမ်သွားပါလိမ့်မယ်။ နောက်မလုပ်ဝံ့တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မေတ္တာသစ္စာနဲ့ မိမိဘဝကို တည်ဆောက်ဖို့ပါ။
.
ရွှင်လန်းကျန်းမာကြပါစေ။
No comments:
Post a Comment