Saturday, October 1, 2016

ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားကို သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုကျင်းပ


ဒ်ါခင်ဝင်း၏ ဈာပနအခမ်းအနားကို သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုကျင်းပ
=================
မိုးကြိုးပြင်- လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခအတွင်း သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်၌ မိုးကြိုပြင်ရွာ သုသာန် တွင်ပြုလုပ်ခဲ့သည်။ ဒေါ်ခင်ဝင်း၏ နာရေးသို့ သံဃာတော်များဦးဆောင်၍ ဒေသခံပြည်သူရာပေါင်းများစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများကလည်း လက်ပံတောင်းတောင်ကယ်တင်ရေး အထိမ်းအမှတ်အလံလွှင့်ထူထားသော နွားလှည်းများဖြင့် ဒေါ်ခင်ဝင်းဈာပနသို့ လာရောက်ခဲ့ကြသည်။ ဒေါ်ခင်ဝင်း၏ အလောင်းကို ဂူမသွင်းမီ အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ လက်ပံ တောင်းတောင် ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီက အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းအသီးသီးတို့ ၏ လွမ်းသူ့ပန်းခွေချခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို ‘‘မြေယာစနစ်ဆိုးကို အသက်စွန့်တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းဒေါ်ခင်ဝင်း အသက် (၅၆)နှစ်’’ဟု ရေးထိုးထားသော အုတ်ဂူအတွင်း ထည့်သွင်းသင်္ဂြိုဟ်ခဲ့သည်။
ဒေါ်ခင်ဝင်း၏ နာရေးတွင် လိုက်ပါပို့ဆောင်သူများကို တွေ့ရစဉ် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]


ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအဝင် ငါးဦးကို ထောင်ဒဏ်လေးလစီ အမိန့်ချ
------------------------------------
လက်ပံတောင်းတောင် ဒေသရှိ လယ်သူမကြီး ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့အပေါ် အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြလို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ အလုံမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဦးဘမြင့်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေနဲ့ ဒေါ်နောအုံးလှတို့ကို ဒီနေ့ (သြဂုတ်လ ၂၀ ရက်) နေ့လယ်ပိုင်းက ထောင်ဒဏ်လေးလစီ ချမှတ်ခဲ့တယ်လို့ အဲ့ဒီတရားရုံးထံမှ သိရပါတယ်။



မု ဆိုး မ ဆုေ တာ င်း (POEM FOR DAW KHIN WIN)
လယ်သူမကြီး ဒေါ်ခင်ဝင်း ပစ်သတ်ခံရခြင်း နှစ်ပတ်လည် အမှတ်တရ
ဥုံ အရဟံ သစ္စာကတိတွေနှင့်
ဂဠုန် သရဏံ ဂစ္ဆာမိပါ ဘုရား။
လက်ပတောင်းက
ခြောင်းခြောင်း ဒေါသ၊ မျက်ရည်ကျ။
လိပ်ခွံတောင်ခြေ
သွေးတွေ သွေးတွေ၊ မြစ်မရေ။
သိန်းစိန်ရေ …
နင်သတ်လို့ ငါမသေ။
တောစိမ်း တောင်စို
တောင်စို တောစိမ်း၊ နင်တို့ သိမ်းကြ။
တောစို တောင်စိမ်း
တောင်စိမ်း တောစို၊ နင်တို့ ဖြိုကြ။
သိန်းစိန်ရေ …
နင်သတ်လို့ ငါမသေ။
ကြေးနီရောင်အို
စိမ်းပြာညိုမှောင်၊ တောင်ဖြို လယ်သိမ်း
ဘိန်းစားအစိုးရ။
စိမ်းပြာညိုမှောင်
ကြေးနီရောင်အို၊ တောဖြို ယာလု
သူ့ ကျွန်အစိုးရ။
သိန်းစိန်ရေ …
နင်သတ်လို့ ငါ မသေ။
ငါ့မြေ ငါစောင့်
နင်လာနှောင့်လည်း၊ ဆူးငြှောင့်ခလုတ်
တရုတ်ကန်သင်း၊ တစ်နေ့ ရှင်းမည်
ချင်းတွင်း ရေဆန် စီးစေသတည်း။
ငါ့ကိုနင်သတ်
ငါမသတ်လည်း၊ နင့်ဇာတ်နိဂုံး
ကျဆုံးတစ်ခန်း၊ လုတ်တိုင်းလမ်းမှာ
ငရဲပန်းများ ပွင့်စေသတည်း။ ။
(မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းသို့ )
ေ အ ာ င္ ေ ၀ း
ဒီဇင္ဘာ ၂၆- ၂၀၁၄။
လယ်သူမကြီး ဒေါ်ခင်ဝင်း ပစ်သတ်ခံရခြင်း နှစ်ပတ်လည် အမှတ်တရ
မိုးမခ ပြန်လည်ဆန်းသစ်ခြင်း



မုံရွာ တဖက်ကမ်း က လက်ပံတောင်း ကြေးနီ စီမံကိန်း မှာ လျော်ကြေး မယူရသေး တဲ့မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်လိုက် လို့ လယ်ယာမြေ ဆုံးရှုံး သွားသူ တွေနဲ့ ဒေသခံ တွေက ရဲတပ်ဖွဲ့ က ပစ်လိုက်လို့ သေဆုံး သွားတဲ့ ဒေါ်ခင်ဝင်း အတွက် အမှုဖွင့် မပေးတာ ကို ကန့်ကွက် တဲ့ အနေနဲ့ မုံရွာ မြို့ပေါ် တက်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။
လက်ပံတောင်း ဒေသ မိုးကြိုးပြင် ၊တုံ၊ ဆည်တည်း ၊ဇီးတော စတဲ့ ရွာတွေက ဒေသခံ ၂ဝဝ နီးပါး မုံရွာ မြို့လယ် ဗိုလ်ချုပ် ကြေးရုပ် ကနေ ကမ်းနားလမ်း တလျှောက် ခွင့်ပြုချက် မယူ တော့ဘဲ သူတို့ တောင်းဆိုချက် တွေကို ကြွေးကြော် ပြီး တော့ တနင်္လာ နေ့လယ်က ဆန္ဒပြ ခဲ့ကြတာပါ။
ဒီဇင်ဘာ ၂၃ ရက် နောက်ပိုင်း မှာ ဝမ်ပေါင် ကုမ္ပဏီ က လျော်ကြေး မယူရ သေး တာရော ယူပြီးသား မြေအားလုံး ကို ခြံစည်းရိုး ခတ်လိုက် လို့ စိုက်ပျိုး ထားတဲ့ သီးနှံတွေ လည်း မသိမ်း ရဘဲ ဆုံးရှုံး သွားတာ မို့ သက်ဆိုင်ရာ က အရေး ယူချင်ယူ မယူချင်နေ ဆိုပြီး တော့ ခွင့်ပြုမိန့် မယူဘဲ ဆန္ဒပြ တာ ဖြစ်တယ် လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက် က ခြံစည်းရိုး ခတ်သူ တွေနဲ့ ပဋိပက္ခ ဖြစ်ရင်း ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံး သွားတဲ့ မိုးကြိုးပြင် အလယ်ရွာ က ဒေါ်ခင်ဝင်း အမှုကို လည်း ရှေ့နေကွန်ယက် တွေနဲ့ ဆားလင်းကြီး တရားရုံးကို သွားခဲ့ကြ တယ် လို့လည်း သိရပါတယ်။
ဆားလင်းကြီး မြို့နယ် တရားသူကြီး က ရဲစခန်း က အမှု စိစစ် ဆောင်ရွက်ဆဲ ဖြစ်တာမို့ တရားရုံး အနေနဲ့ လက်မခံသေး ကြောင်း တုံ့ပြန် လိုက်တယ် လို့ ဒေါ်ခင်ဝင်းရဲ့ ယောင်းမ ဒေါ်ခင်မာအေးကပြောပါတယ်။
ဒ်ါခင်ဝင်း သေတဲ့ အမှု ကို ယောင်းမ ဖြစ်တဲ့ ဒေါ်ခင်မာအေး ကိုယ်တိုင် အမှု ဖွင့်ပေးဖို့ ဆားလင်းကြီး ရဲစခန်း ကို တိုင် ထားပေမယ့် ရဲစခန်းက ဆိုင်းငံ့ ထားဦးမယ်လို့ တရားဝင် အကြောင်းကြား ထားတယ်လို့ သိရ ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် က ၄ ရက်ကြာ ကွင်းဆင်း စစ်ဆေး ပြီးတဲ့ နောက် ဒီဖြစ်စဉ်မှာ လုံခြုံရေး စီမံမှု အားနည်း ပြီး ညွန်ကြားချက် အတိုင်း ဆောင်ရွက်ခြင်း မရှိတဲ့ ရဲတပ်ဖွဲ့ဝင် တွေကို ဖော်ထုတ် အရေးယူဖို့ သမ္မတ ဆီကို အစီရင်ခံ တိုက်တွန်း ထားပါတယ်။


ဓါတ်ပုံ
The Melting Pot 4 U

No comments:

Post a Comment